အခန်း - ၇၀

981 110 1
                                    

Chapter ● 70 ●

ဤအနမ်းတစ်ခုက လက်စသတ်တော့ ဘယ်လိုကွာခြားချက်ရှိနေသည်ကို ချန်ခေါ့ကိုယ်တိုင်လည်း မသိနေပါ။ ကျန်းယွီသော်အား အထူးတလည်နမ်းရှိုက်ချင်နေသည်ကိုသာ သူသိသည်။ နှုတ်ခမ်းချင်း မဆိုစလောက်လေး ထိခတ်ရုံ၊ ရွှတ်ခနဲ တစ်ချက်နှစ်ချက်နမ်းရုံသာ နမ်းသော အနမ်းမျိုးမဟုတ်ပေ။

မြို့တစ်မြို့ကိုသိမ်းပိုက်ချေမှုန်းသကဲ့သို့ ပြင်းထန်စွာ၊ မီးကဲ့သို့ ပူလောင်ပြီး မွတ်သိပ်ပြင်းပြစွာ၊ လေပြင်းတိုက်ပြီး တိမ်များပြိုကွဲပြန့်နှံ့ကုန်သလို ဖရိုဖရဲဖြစ်စွာ၊ ရန်ဖြစ်သကဲ့သို့ ခက်ခက်ထန်ထန်နှင့် အသက်ရှူကျပ်စွာ စသဖြင့် ယခင်က တစ်ခါမှ ခံစားဖူးခြင်းမရှိသော ခံစားချက်မျိုးဖြင့် နမ်းလိုခြင်းဖြစ်သည်။

ကျန်းယွီသော်၏ နှုတ်ခမ်းသားများက အနည်းငယ်အေးစက်နေသည်။ သို့သော် ရှူထုတ်လာသော လေကမူ အလွန်ပူလောင်နေသည်။

နွေးထွေးသော ဝင်သက်ထွက်သက်က ချန်ခေါ့၏မျက်နှာအား ထိခတ်ကျီဆယ်လိုက်ပြီးနောက်ပိုင်းတွင် ချန်ခေါ့သည် ဆင်ခြင်တုံတရား ပျောက်ဆုံးသွားတော့သည်။ နောက်ဆုံးကျန်ရှိနေသော ကျိုးကြောင်းဆင်ခြင်နိုင်သည့် အသိဉာဏ်တစ်မျှင်က ချန်ခေါ့အား သူသည် ရုတ်တရက်ပေါက်ကွဲထွက်လာသော လက်တစ်ဖက်လပ် နှာဘူးတစ်ယောက်ကဲ့သို့ ခံစားတွေးတောရစေသည်။

ကျန်းယွီသော်အား အိမ်ခန်းထဲသို့ ဆွဲသွင်းလာပြီး နံရံဆီသို့ တွန်းလိုက်သည်။ ထို့နောက် ဧည့်ခန်းဆီသို့ ဆွဲခေါ်လိုက်သည်။ ထိုင်ခုံကို လဲကျသွားအောင် ကန်လိုက်မိပြီး စားပွဲကိုလည်း တိုက်မိသွားသည်။ စစ်ဆင်ရေး တစ်သီတစ်တန်းကြီး လုပ်မိသွားပြီးနောက် လောကကြီးတစ်ခုလုံး ဟာလာဟင်းလင်းဖြစ်သွားသကဲ့သို့ပင် ဘာကိုမှ သေချာမမြင်ရတော့သလို၊ ဟောဟဲလိုက်ပြီး ပြတ်တောင်းစွာ ရှူရှိုက်နေသော ကိုယ့်အသက်ရှူသံကိုသာ နားထဲတွင် ကြားနေရသည်။ ကစဉ့်ကလျားနှင့် ပရမ်းပတာဖြစ်နေသောအခြေအနေကြားထဲတွင် ကျန်းယွီသော်က သူ့အနမ်းကို တုံ့ပြန်လာခြင်းရှိမရှိကို ချန်ခေါ့တစ်ယောက် သေချာမခွဲခြမ်းနိုင်ခဲ့ပေ။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now