Chapter ● 37 ●
မိမိ၏ ထိုအနမ်းတစ်ချက်အပေါ် ကျန်းယွီသော်က ဘယ်လိုအတွေးခံစားချက်ရှိသည်ကို ချန်ခေါ့ မသိနိုင်ပေ။ အတိုချုပ်ဆိုရလျှင် ကျန်းယွီသော်က "အာ ..." ဟု တစ်ခွန်းပြောလိုက်ပြီးနောက် နောက်ထပ်တိတ်ဆိတ်သွားပြန်သည်။ မျက်မှောင်ကိုကြုတ်ပြီး စိတ်ထဲတွင် ဘာတွေးနေမှန်းလည်း မသိနိုင်ပေ။
တကယ်တော့ ချန်ခေါ့သည် ကျန်းယွီသော်အား ယခင်တစ်ခေါက်ကတောင် အနည်းဆုံး လျှာဖျား၏ လုပ်ဆောင်ချက် ပါသွားသေးကြောင်း၊ သို့သော် ယခုတစ်ခေါက်တွင် လခွမ်းကိုမှ နှုတ်ခမ်းချင်း ထိရုံသာထိလိုက်ပြီး အားဖြင့် မဖိခဲ့ကြောင်း၊ ထို့ကြောင့် သည်လောက်အထိ ဝမ်းနည်းစိုးရိမ်စရာ မလိုကြောင်းကို အလွန်တရာ ပြောပြချင်နေသည်။
သို့သော် ထိုစကားများကို ကျန်းယွီသော်အား သွားပြီးရှင်းပြရန် မဖြစ်နိုင်သလို၊ ပြောပြီးသည်နှင့် အထိုးခံ အရိုက်ခံရမည်မှာ သေချာသလောက် ရှိနေသည်။
အငှားကားက ချန်ခေါ့နေသောတိုက်ခန်းအောက်တွင် ရပ်လိုက်သည်။ ကျန်းယွီသော်က ကားနောက်ခန်း၏ ညာဘက်တွင်ထိုင်နေခြင်းဖြစ်ကာ ကားတံခါးဖွင့်ပြီး အရင်ဆင်းလိုက်သည်။ ချန်ခေါ့သည် နောက်ကလိုက်ပြီး ဆင်းလာကာ ကားတံခါးကို မပိတ်ဖြစ်ပေ။
ကျန်းယွီသော်က သူ့အား တစ်ချက်ကြည့်လိုက်ပြီးနောက် ကားတံခါးကို လှမ်းပိတ်လိုက်သည်။
"သခင်ကြီး၊ ကားတံခါးကိုလည်း ပိတ်ပေးရတာပဲလား"
"မင်း ... ..."
ချန်ခေါ့သည် ဆွံ့အသွားတော့သည်။ သူ့အထင်တွင် ကျန်းယွီသော်က ကားပေါ် ချက်ချင်းပြန်တက်ပြီး အိမ်ပြန်သွားမည်ဟု တွေးနေခဲ့ခြင်းဖြစ်သည်။ ယခင်တစ်ခေါက်ကလည်း ကားပေါ်ကနေတောင် မဆင်းဘဲ တစ်ခါတည်း ပြန်ထွက်သွားသည် မဟုတ်ပါလား။
အငှားကားက မောင်းထွက်သွားပြီဖြစ်ကာ ကျန်းယွီသော်က တိုက်ခန်းကော်ရစ်တာဆီသို့ ဦးတည်ပြီး လျှောက်သွားသည်။
"ဒီနေ့တစ်ည ခင်ဗျားအိမ်မှာ တည်းမယ်"
"ဟင် ..."
YOU ARE READING
《ဖြေဆေး》- ဘာသာပြန် 『Completed』
Ficção Geralဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe