အခန်း - ၅၁

918 121 8
                                    

Chapter ● 51 ●

"အဲဒီလိုလား"

ချန်ခေါ့သည် ဘာဆက်ပြောရမှန်းမသိဖြစ်သွားသည်။

"အဲဒါဆို မင်း ... ... ရက်စွဲကိုတော့ တော်တော်ရွေးတတ်သားပဲ"

"အင်း ကလေးများနေ့။ အမှတ်အသားဖြစ်ပြီးတော့ ထင်ရှားတဲ့ရက်စွဲတစ်ရက်ရက်ကိုလိုချင်လို့ အင်္ဂလိပ်နှစ်သစ်ကူးကနေစပြီး ရက်တွေကို ကြည့်ကြည့်လိုက်တာ ကလေးများနေ့ပဲ ပိုကောင်းပါတယ်လေဆိုပြီး တွေ့သွားတာ"

ကျန်းယွီသော်က ပုံမှန်အခြေအနေအတိုင်းပြန်ဖြစ်သွားပြီးနောက် ရယ်မောပြီး ပြောလိုက်ခြင်းဖြစ်သည်။

ချန်ခေါ့က "အင်း" ဟုဆိုကာ ခေါင်းညိတ်လိုက်သည်။ ချန်ခေါ့စိတ်ထဲတွင် ကျန်းယွီသော်တစ်ယောက် အတိတ်နှင့်ပတ်သက်သောကိစ္စအကြောင်းများကိုပြောလိုက်တိုင်း ယခင်ကနှင့် မတူတော့သည်ကို သတိထားမိနေသည်။ ဘယ်နေရာက ကွဲပြားနေသည်ကို တစ်ခဏအတွင်းတွင် ချန်ခေါ့က ထောက်ပြရန် မတတ်နိုင်သော်လည်း ကျန်းယွီသော်၏ ဒီလိုအခြေအနေက မိမိအနေဖြင့် ကျန်းယွီသော်နှင့် ပြောဆိုဆက်ဆံရာတွင် များစွာပေါ့ပါးလွယ်ကူစေသည်။ ချန်ခေါ့သည် အသားကို ဟော့ပေါ့အိုးထဲတွင် နှစ်ပြီးပြုတ်ရင်း ကျန်းယွီသော်အား ထပ်မေးလာပြန်သည်။

"အဲဒါဆို မင်းရဲ့မွေးနှစ်ကရော၊ ဖြစ်သလို ဖြည့်လိုက်တာတော့ မဟုတ်လောက်ဘူးမလား"

"မဟုတ်ဘူး။ ကျွန်တော်က အမှန်တကယ်ကို အဲဒီလောက်ငယ်ရွယ်သေးတယ်"

ကျန်းယွီသော်က ရယ်ရင်းပြောသည်။

ချန်ခေါ့က ကျစ်ခနဲ စုတ်သပ်လိုက်ပြီး စကားမဆိုတော့ပေ။

"ခင်ဗျား ဒီနေ့ ထမင်းစားပြီးရင် ... ..."

ကျန်းယွီသာ်က အနည်းငယ်စဉ်းစားလိုက်ပြီးမှ ဆက်ပြောလာသည်။

"ဟိုတယ်ပြန်မှာလား၊ ဒါမှဟုတ် ဒီဘက်က အိမ်ကိုပဲ ပြန်မှာလား"

"ဒီနေ့ ... ... အချိန်မမီလောက်ဘူးထင်တယ်။ ငါ ညနေကျရင် ဆိုင်ကိုသွားပြီး ပြင်ဆင်နေတာတွေကို သွားစောင့်ကြည့်ရဦးမယ်။ ဟိုတယ်မှာလည်း မသိမ်းရသေးတဲ့ ပစ္စည်းတွေ တစ်ပုံကြီး ရှိသေးတယ်။ ... ... ငါပစ္စည်းသိမ်းတာ မင်းသိတဲ့အတိုင်းပဲ ... ..."

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now