Extra - 3
"ခင်ဗျား ကျွန်တော့်ကို လာကြိုဖို့မလိုတော့ဘူး"
ဖုန်းထဲတွင် ကျန်းယွီသော်က တစ်ချက်သမ်းဝေလိုက်ပြီးနောက်ဆက်၍ -
"ကျွန်တော့်ဟာကျွန်တော် တစ်ခါတည်းတန်းပြန်လိုက်ရင်ရပြီ"
"လေဆိပ်ကိုကားမောင်းသွားပြီးတော့ မင်းကိုတစ်ခါတည်းသွားကြိုလာမှာလေ၊ ဘယ်လောက်တောင်အဆင်ပြေလိုက်လဲ"
ချန်ခေါ့သည် သူ့ခေါင်းအုံးပေါ်တွင်အိပ်နေသောမြောင်ကို ချီမ,လိုက်ပြီး ကျန်းယွီသော်၏ခေါင်းအုံးပေါ်သို့ ပစ်တင်လိုက်သည်။
"ကားမငှားရတော့ဘူး။ ဘတ်စ်ကားစောင့်ဖို့လည်း မလိုတော့ဘူး"
"ဒီရက်ပိုင်းမှာ ခင်ဗျားအရမ်းအလုပ်များနေတာမဟုတ်ဘူးလား ဥက္ကဌချန်။ ခင်ဗျားပြေးမလာပါနဲ့တော့"
"မင်းငါ့ကိုအငြိုးထားနေတာမဟုတ်လား"
ချန်ခေါ့က ကျစ်ခနဲစုတ်သပ်လိုက်သည်။
ကျန်းယွီသော်သည် နှစ်စဉ်နှစ်တိုင်း တစ်နှစ်ကိုနှစ်ကြိမ်နှုန်းဖြင့် ဒေါက်တာလီနှင့်သွားတွေ့ရသည်။ သွားတွေ့သည့်အချိန်တိုင်း ချန်ခေါ့က အချိန်သက်သက်ဖယ်ထုတ်ပြီး သူနှင့်အတူအဖော်လိုက်သွားပေးလေ့ရှိသည်။ ယခုနှစ်တွင် ချန်ခေါ့၏လေးဆိုင်မြောက်စားသောက်ဆိုင်က ဤရက်ပိုင်းအတွင်း ဖွင့်လှစ်မည့်ကိစ္စနှင့်ကြုံသွား၍ ကျန်းယွီသော်က အဖော်လိုက်ပေးရန်မခေါ်တော့ဘဲ သူ့ဘာသာသူတစ်ယောက်တည်းသွားလိုက်သည်။
ချန်ခေါ့က စိတ်မပူပေ။ ကျန်းယွီသော်၏အခြေအနေမှာ ဤတစ်လျှောက်လုံးတွင် အမြဲတမ်းကောင်းမွန်နေခဲ့သည်။ တစ်လနှစ်လခြားပြီး မတည်မငြိမ်မှုအသေးစားလေးအနည်းငယ်တော့ ရှိတတ်သည်။ သို့သော် သုံးလေးရက်ခန့် ချိန်ညှိလိုက်လျှင်တော့ များသောအားဖြင့်တည်ငြိမ်သွားနိုင်သည်။ ထို့ကြောင့် သူ့ကိုတစ်ယောက်တည်းသွားခိုင်းလျှင်လည်း ဘာပြဿနာကြီးကြီးမားမားမှမရှိနိုင်ပေ။
သို့သော် ယခုကျန်းယွီသော်၏ဤစကားအဓိပ္ပါယ်အရ အနည်းငယ်တော့ စိတ်မကျေမနပ်ဖြစ်နေလောက်ပြီ။
YOU ARE READING
《ဖြေဆေး》- ဘာသာပြန် 『Completed』
General Fictionဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe