အခန်း - ၇၂

837 116 4
                                    

Chapter ● 72 ●

"မနက်စာ" စားသောက်ပြီးနောက် ကျန်းယွီသော်က ချန်ချင့်အား ဖုန်းဆက်လိုက်သည်။ "ငွေစာရင်းစစ်" ရန် အတွက်ဖြစ်သည်။ သူသည် ချန်ချင့်အား ကားမောင်းလာပြီး လူနှစ်ယောက်ခန့်ကိုပါ တစ်ခါတည်းအတူခေါ်လာရန် ပြောလိုက်သည်။

"လူခေါ်လာပြီး ဘာလုပ်ဖို့လဲ"

ချန်ခေါ့က မေးလိုက်ခြင်းဖြစ်သည်။

"မသိဘူး။ ချန်ယိက အရိုးပါကျိုးသွားတာဆိုတော့ ဒီဒေါသကို မမျိုသိပ်နိုင်လို့ တစ်ခုခုလုပ်လာရင် ဘယ်လိုလုပ်မလဲ။ လူနည်းနည်းခေါ်သွားရင် စိတ်ချရတာပေါ့"

"မင်းလိုက်လာတာနဲ့တင် လုံလောက်ပါတယ်။ ဘယ်ကောင်လက်ပါရဲလဲ၊ တစ်ကောင်ပြီးတစ်ကောင် အရိုးရိုက်ချိုးပစ်"

ချန်ခေါ့က ရယ်ရင်းပြောလိုက်သည်။

ကျန်းယွီသော်က ချန်ခေါ့အား ကြည့်နေသည်။

"ကျွန်တော်က လက်မလောက်ဘူးလေ။ ခင်ဗျားကိုလည်း ဆွဲထားရဦးမယ်။ ကျောက်ပတ်တီးကြီးနဲ့ကို လူရိုက်နိုင်သေးတယ်။ ကျွန်တော်တစ်ယောက်တည်းတောင် ခင်ဗျားကို နိုင်အောင်မဆွဲနိုင်ဘူး"

"တော်စမ်းပါ"

"ပုံမှန်ဆို ခင်ဗျားက မတုန်မလှုပ်နဲ့ ခေါင်းအေးတဲ့လူမဟုတ်ဘူးလား။ ကျွန်တော် စိတ်လိုက်မာန်ပါနဲ့ တခြားလူကို ရိုက်မိမှာတောင် စိုးရိမ်နေသေးတာကို။ မနေ့က ဘယ်လိုဖြစ်တာလဲ"

ကျန်းယွီသော်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ချန်ခေါ့က စကားမဆိုဘဲ တိတ်ဆိတ်နေသည်။

"မနေ့က ဘယ်လိုဖြစ်လို့ အဲဒီလိုဖြစ်သွားတာလဲ"

ကျန်းယွီသော်က နောက်တစ်ကြိမ်ထပ်မေးလာသည်။

ချန်ခေါ့က ကျန်းယွီသော်အား မျက်လုံးပင့်ပြီး ကြည့်လိုက်သည်။

"မနေ့က ဘယ်လိုဖြစ်လို့ ... ..."

ကျန်းယွီသော်က နောက်ထပ်ဆက်မေးရန်အလုပ်တွင် ချန်ခေါ့က ကျန်းယွီသော်၏စကားကို ဖြတ်ပြောလိုက်သည်။

"မင်းကို သူပြောလို့"

ချန်ခေါ့က နှုတ်ခမ်းကိုကိုက်လိုက်ပြီး ဆက်ပြောလာသည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now