အခန်း - ၁၁

1K 133 13
                                    

Chapter ● 11 ●

တိုက်ခန်းထဲမှ ကျန်းယွီသော်ထွက်လာချိန်တွင် ချန်ချင့်သည် ဓါတ်လှေကားခလုတ်ကို နှိပ်ထားပြီးဖြစ်သည်။ ချန်ခေါ့က တိုက်ခန်းတံခါးကို မပိတ်သေးဘဲ တံခါးနားတွင်မှီရပ်ကာ သူတို့နှစ်ယောက်ကို ကြည့်နေသည်ကိုမြင်သော် ချန်ချင့်က လှမ်းပြောသည်။

"အောက်အထိ လိုက်ပို့ဖို့မလိုပါဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ဆင်းလိုက်မယ်"

"မင်းတို့ကိုငါအောက်ထိလိုက်ပို့မယ်လို့ မင်းကိုဘယ်အချက်က အထင်မှားသွားစေတာလဲ"

"ခင်ဗျား တံခါးမပိတ်ဘူးလေ"

"ကောင်းပြီ"

ချန်ခေါ့က သက်ပြင်းတစ်ချက်ချပြီး တိုက်ခန်းတံခါးကို ပိတ်ချလိုက်သည်။

ဓါတ်လှေကားတံခါးပွင့်လာသောအခါ ချန်ချင့်က ကျန်းယွီသော်ကို တွဲပြီး ဓါတ်လှေကားထဲသို့ ဝင်လိုက်သည်။

"စန်းကော၊ ငါတို့ကို သူအောက်အထိ လိုက်ပို့ချင်နေတာ မဟုတ်လား။ မဟုတ်ရင် ဘာလို့ တံခါးမပိတ်ဘဲ စောင့်နေမှာလဲ။ ငါပြောတာ ဟုတ်တယ်မလား"

ကျန်းယွီသော်သည် ဓါတ်လှေကားကို မှီပြီး ဓါတ်လှေကားနံပါတ်များပြောင်းလဲနေသည်ကို ကြည့်နေသည်။

"အဲဒါ ယဉ်ကျေးမှုလို့ခေါ်တယ် ငိုးမရေ။ ကော်ရစ်တာမှာ ငါတို့ ဓါတ်လှေကားစောင့်နေတုန်းမို့လို့ သူတံခါးမပိတ်သေးတာ"

"ဟုတ်လား။ ဒါပေမဲ့ ခါတိုင်း မင်းအိမ်ကနေ ငါထွက်လာရင် မင်းအဲဒီလို တံခါးပေါက်မှာ မစောင့်ပေးဘူးလေ။ တံခါးလည်း ငါ့ဟာငါပဲ ပိတ်ရတာ"

"သူနဲ့ ငါတို့က အဲဒီလောက် ရင်းနှီးလို့လား ငိုးမသားရာ ... ..."

ကျန်းယွီသော်က တစ်ချက်ဟောက်ပေးလိုက်သည်။ နဖူးထက်မှ ဒဏ်ရာလည်း ပိုပြီး နာကျင်လာသလို ခံစားလိုက်ရသည်။

အနှီဒဏ်ရာသည် သူ့အား ဘယ်တော့မှ ပြန်ကောင်းလာတော့မှာမဟုတ်သည့် ခံစားချက်တစ်မျိုးကို ခံစားရစေသည်။

ထိုညနေတုန်းက လူအနည်းငယ်ခေါ်သွားပြီး ကျန်းသာ့ချီ၏လက်ထဲရောက်နေသော ချန်ချင့်ကို ခေါ်ထုတ်လာသည့်အချိန် နောက်ဖေးလမ်းကြားရန်ပွဲတွင် နဖူးပေါ်ရှိ ကောင်းကောင်းမကျက်သေးသည့် နဂိုဒဏ်ရာပေါ်ကို တစ်ချက်ထိသွားသည်။ အရင်ရက်ကလည်း ပိတ်ဖို့မေ့သွားသော နံရံကပ်ဗီရိုတံခါးနဲ့ တစ်ချက် တိုက်မိသွားသေးသည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now