Chapter ● 94 ●
ကျန်းစန်းကော၏မွေးနေ့သည် အလွန်ကြီးမားသိုက်မြိုက်သည်။ သူ "ခရီး" ထွက်ရာမှ ပြန်လာစဉ်တုန်းကနှင့်ထပ်တူ စည်ကားပြီး ထင်သာမြင်သာရှိသည်။
နေ့လယ်မှစတင်လိုက်သည်ဟု ပြော၍ရကာ ထမင်းသွားစားလိုက်ကြသည်။ ထမင်းစားပြီးသွားပြီးနောက် သူနှင့် ပို၍ရင်းနှီးနီးကပ်သောငတိတို့က သူ့ကိုဆွဲပြီး လက်ဖက်ရည်ကြမ်းသွားသောက်ကြသည်။ ညနေရောက်သော် ဆက်စားကြပြီးနောက် စားပြီးသွားပြီးနောက် ကာရာအိုကေသွားဆိုကြသည်။ အော်ဆိုရင်း ဗိုက်ဆာကြသောအခါ အကင်သွားစားကြပြန်သည်။
အမှန်အတိုင်းပြောရလျှင် ချန်ခေါ့သည် ယခုကဲ့သို့ ဆက်တိုက်မရပ်မနား မဆော့ဖူး မနေဖူးခဲ့ပေ။ ခေါင်းထဲမှ ဦးနှောက်များတောင် အနည်းငယ်ပွက်ပွက်ဆူနေပြီဟု ခံစားရသည်။ ယခင်က သူ့အနေဖြင့် ဆက်တိုက်သောက်စားဖြစ်လျှင်တောင် ပုံမှန်အားဖြင့် စားရင်းသောက်ရင်းအနားယူနိုင်သော တစ်ယောက်ယောက်၏အိမ်တွင်သာ ချိန်းဆိုကြသည်။ ကျန်းယွီသော်၏ ဤငတိများအားလုံးတို့သည် အနားယူရန်မလိုအပ်ကြပေ။ နေ့လယ်မှစပြီး ညသန်းခေါင်အထိ လုံးဝမရပ်နားခဲ့ပေ။
ကျန်းယွီသော်၏ စိတ်အခြေအနေကလည်း တောက်လျှောက်ကိုကြည်လင်နေခဲ့သည်။ ယခင်ကကဲ့သို့ စိတ်တိုစိတ်ရှုပ်နေခြင်းမရှိပေ။ ဤငတိတစ်သိုက်ကို လပေါင်းအနည်းငယ်ခန့် မတွေ့ဖြစ်ခဲ့၍လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အမြင်ကတ်သည့်အချိန် ရောက်မလာသေးပေ။
အကင်စားပြီးနောက် သာ့ပင်းတို့က ကတ်ကစားရန်ပြောဆိုကြပြီး နေရာရှာရန်လုပ်ကြသည်။ ကျန်းယွီသော်က လက်ဝှေ့ယမ်းလိုက်ရင်း -
"မင်းတို့ဘာသာမင်းတို့ပဲ သွားကြတော့။ ငါအိမ်ပြန်ပြီး အိပ်ချင်ပြီ"
"စန်းကောနဲ့ခေါ့ကောကို ငါပြန်ပို့လိုက်မယ်။ မင်းတို့ကောင်တွေက ကတ်ရိုက်ရင်လည်း ရိုက်ကြ။ ရိုက်ပြီးတော့ အိမ်ပြန်အိပ်ကြ။ အပြင်မှာ ရမ်းသမ်းပြီးမကမြင်းကြနဲ့တော့"
ချန်ချင့်ကပြောလိုက်သည်။
"ချင့်ကော စိတ်ချပါ"
YOU ARE READING
《ဖြေဆေး》- ဘာသာပြန် 『Completed』
Ficción Generalဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe