Chapter ● 63 ●
ကျန်းယွီသော်၏ထိုစကားကြောင့် ရှင်သန်ထမြောက်ရန်ကြံစည်နေသည့် စိတ်လှုပ်ရှားတက်ကြွမှုသည် ဘယ်နားတွင်ရှိနေလဲဆိုသည်ကို မရှာဖွေရသေးမီ ပြိုကွဲပျက်စီးသွားတော့သည်။ ချန်ခေါ့က ကျစ်ခနဲစုတ်သပ်လိုက်ပြီးပြောလာသည်။
"ဒီအစကို ဆွဲထုတ်လာတာ ငါလား။ ဘယ်သူ့ကိုလာပြီး ထားလိုက်ပါတော့တွေ လာပြောနေရတာလဲ"
"ခင်ဗျားအရင်ပြောတာမဟုတ်လို့လား"
ကျန်းယွီသော်က ဖက်ထားသည်ကိုလွှတ်လိုက်ပြီး ချန်ခေါ့အား စိုက်ကြည့်နေသည်။
"ငါမင်းကိုတက်လုပ်လိုက်မယ်၊ ဆိုတဲ့စကားနဲ့ မင်းဘိုးအေလခွမ်း လို့ပြောတဲ့စကားနဲ့ သဘောတရားအတူတူပဲ။ ဘယ်လိုလုပ်လိုက်မယ်ဆိုပြီး ငါပြောလို့လား"
ကျန်းယွီသော်က မျက်မှောင်ကြုတ်ထားပြီးစကားမဆိုပေ။
ချန်ခေါ့က ကျောက်ပတ်တီးစည်းထားသောလက်ကို မြှောက်ပင့်ပြီး ကျန်းယွီသော်အား လက်ညှိုးညွှန်ပြောသည်။
"မင်းပြောတာမဟုတ်ဘူးလား။ မင်းပဲလေ၊ စန်းကော"
"တခြားလူတစ်ယောက်သာ ကျွန်တော့်ကို ဒီလို မလေးမစားစကားမျိုး လာပြောရဲရင် အဲဒီကောင်ကို ခြေလေးချောင်းစလုံး ကျောက်ပတ်တီးစည်းရအောင် ရိုက်ပစ်လိုက်ပြီ"
"တော်စမ်းပါ"
"ကျွန်တော် ဗိုက်နည်းနည်းဆာလာပြီ။ နေ့လယ်ကလည်း ထမင်းမစားဖြစ်ဘဲ နာရီပိုင်းလောက် အလုပ်လုပ်လိုက်ရသေးတယ်။ ကျွန်တော် နေ့လယ်စာ စားချင်တယ်"
ချန်ခေါ့က နံရံပေါ်တွင် ကပ်ချိတ်ထားသော နာရီအသစ်ကို ကြည့်လိုက်သည်။
"အခုက ညစာစားချိန်ရောက်နေပြီ။ ဟိုဘက်ကိုပြန်သွားပြီးစားမလား၊ ဒါမှမဟုတ် ဒီနားပတ်ဝန်းကျင်မှာပဲ ပတ်ကြည့်ပြီး စားတဲ့နေရာ ရှာကြမလား"
"နေ့လယ်စာ"
ကျန်းယွီသော်က ပြောသည်။
"အခု ညနေ ၅ နာရီတောင်ကျော်နေပြီလေ၊ နေ့လယ်စာစားဦးမှာလား"
YOU ARE READING
《ဖြေဆေး》- ဘာသာပြန် 『Completed』
General Fictionဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe