Chapter ● 3 ●
မနက်စာစားပြီးသောအခါ ကျန်းယွီသော်သည် ကုဋေကြွယ်သူဌေးအယောင်ဆောင်ပြီး ချက်ချင်းထပြန်သွားချင်နေသောရှို့ဟိုအား စား၍မကုန်ဘဲ ပိုနေသည့်အစားအစာများအားလုံးကို အတင်းအကျပ် ပါဆယ်ထုပ်သွားခိုင်းသည်။
"ကျွန်တော် ဒီစားစရာတစ်ပုံကြီးကို ဆွဲပြီးတော့ ......"
ရှို့ဟိုက အတော်လေးကို အင်တင်တင်ဖြစ်နေကာ -
"ကျွန်တော် လမ်းပေါ်မှာ ဟိုဟိုဒီဒီ လျှောက်လှည့်ချင်သေးတာ။ ဒါမှမဟုတ် စန်းကောပဲ ......"
"မယူဘူး၊ ဝိတ်လျှော့နေတယ်"
ကျန်းယွီသော်က လက်ယမ်းလိုက်ရင်း
"တောင်းစားတဲ့သူတွေ၊ လေလွင့်ခွေးတွေ၊ ကြောင်တွေ၊ ကြွက်တွေ တွေ့ရင် ပေးလိုက်"
ရှို့ဟိုက သက်ပြင်းချလိုက်ပြီး -
"ဟုတ်ပါပြီ။ ဒါဆို ကျွန်တော်သွားတော့မယ်နော် စန်းကော"
"မြန်မြန်လစ်"
ကျန်းယွီသော်က ပြောသည်။
ရှို့ဟိုတစ်ယောက် အထုပ်ဆွဲလျက် ထွက်သွားပြီးနောက် ကျန်းယွီသော်သည် စောစောက ရန်ဖြစ်ဖို့ ထွက်သွားကြသော ငတိကောင်တစ်သိုက်၏အခြေအနေကို သွားကြည့်ရန် ထွက်လာခဲ့သည်။ ခြေလှမ်းအနည်းငယ်သာ လှမ်းလိုက်ပြီးနောက်တွင် ဖုန်းသံနောက်တစ်ကြိမ် ထပ်မြည်လာပြန်သည်။
ချန်ချင့်သည် အတော်လေး ကောင်းမွန်လှသော လူတစ်ယောက်ဖြစ်ပြီး၊ ဦးနှောက်လေးကသာ အတားအဆီးတစ်ခုခုဆိုလျှင် မကွေ့နိုင် မကျော်နိုင် အမြဲတမ်း ဖြစ်နေတတ်သည်။ တစ်ချိန်ချိန်တွင် ဒုစရိုက်လောကကို လွှမ်းမိုးခြယ်လှယ်ချင်သည့် ကြီးကြီးကျယ်ကျယ်အိပ်မက်တစ်ခုကိုလည်း အစဥ် ရင်ဝယ်ပိုက်ထားသေး၏။ ကျန်းယွီသော်က ဖုန်းကို ယူထုတ်လိုက်သည်။ တစ်ခါတလေတွင် သူသည် ချန်ချင့်အား ရိုက်နှက်ပစ်လိုက်ချင်သည်။ အရူးအနှမ်းတစ်ယောက်ဖြစ်သွားသည်အထိ တစ်ခါတည်း ရိုက်ပစ်ချင်သည်။ သို့မှသာ စိတ်ပူစရာကိစ္စများ လျော့သွားလိမ့်မည်။
"သူ့နောက်ကို အရင်လိုက်နေစမ်းပါ။ ခဏနေရင် ငါ မင်းဆီ ဖုန်းဆက်လိုက်မယ်"
YOU ARE READING
《ဖြေဆေး》- ဘာသာပြန် 『Completed』
General Fictionဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe