အခန််း- ၈၄

814 101 5
                                    

Chapter ● 84 ●

နေ့လယ်စာ သွားဝယ်တာဖြစ်ပါလိမ့်မယ်...။

တိုက်ခန်းလခ သွားကောက်တာဖြစ်ပါလိမ့်မယ်...။

လမ်းထိပ်မှာ စီးကရက်သွားဝယ်တာဖြစ်ပါလိမ့်မယ်...။

ဖုန်းအားကုန်သွားတာဖြစ်လိမ့်မယ်...။

... ...

စားပွဲပေါ်ရှိ ထိုစီးကရက်ဘူးခွံစက္ကူများကို ချန်ခေါ့မတွေ့ခင်အချိန်အထိ၊ အိမ်ထဲ ကျန်းယွီသော်မရှိနေသည့် မရေတွက်နိုင်သောအကြောင်းရင်းများစွာရှိနိုင်သော်လည်း သူ့ဖုန်းမှာ ဘယ်တုန်းကမှ စက်ပိတ်ထားလေ့မရှိသည့်အချက်ကို ချန်ခေါ့လျစ်လျူရှုထား၍ရသေးသည်။ နောက်ခဏနေလျှင် ကျန်းယွီသော်ပြန်လာလိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်နေသည်။

ယခုမူ စားပွဲပေါ်တွင် စီးကရက်ဘူးခွံစာရွက်နည်းငယ် တင်ထားသည်။ စာရွက်ပေါ်တွင် ဘာရေးထားသည်ကို မတွေ့ရသေးခင်တွင်ပင် မနေ့ညက သူဗီဒီယိုဖိုင်ကို ကြည့်ပြီးပြီးချင်း ထွက်လာသည့်အချိန်ကို ချက်ချင်းသတိရသွားသည်။ ထိုစဉ်က ကျန်းယွီသော်သည် စီးကရက်ဘူးခွံစာရွက်ပေါ်တွင် တစ်ခုခုရေးသားနေခဲ့သည်။

သူချက်ချင်းသဘောပေါက်သွားသည်။

နောင်တရသည်။

ထိုစဉ်က ဘာကြောင့်သတိမထားမိရတာလဲ။

ကျန်းယွီသော်က တစ်ပါးသူများအား လိပ်စာကတ်ပေးသည်မှလွဲလျှင် စီးကရက်ဘူးခွံစက္ကူပေါ်တွင် တစ်ခုခုရေးလေ့ သိပ်မရှိပေ။ မိမိက ဘာကြောင့်သတိမထားမိခဲ့ရတာလဲ။

ထိုစဉ်က တစ်ခွန်းမေးလိုက်လျှင်၊ တစ်ချက်ကြည့်လိုက်လျှင်၊ ယနေ့တွင် ယခုလိုမျိုးအခြေအနေကို ရင်ဆိုင်ရရန် မလိုအပ်လောက်ပေ။

"လခွမ်း"

ချန်ခေါ့က အံကြိတ်ရင်း ဆဲရေးလိုက်သည်။

ခေါင်းငုံ့ပြီး မျက်လုံးမှိတ်ကာ အသက်ကို ခပ်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်လိုက်ပြီးနောက် သူကန်လိုက်၍ နေရာရွေ့သွားသောစားပွဲကို မူလနေရာတွင် ပြန်ရွှေ့လိုက်သည်။ ထို့နောက် စီးကရက်ဘူးခွံစာရွက်များကို စားပွဲပေါ်တွင် တစ်ရွက်ချင်းစီဖြစ်အောင် ဖြည်းဖြည်းချင်း စီတန်းလိုက်သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now