အခန်း - ၁၆ (ပထမပိုင်း)

1.2K 127 9
                                    

Chapter ● 16● (Part 1)

ကျန်းယွီသော်က ဘာစကားမှမဆိုဘဲ စားပွဲကိုပတ်လျှောက်လာပြီး ချန်ခေါ့အနားတွင် ရပ်ကာ စားပွဲပေါ်တွင် ဆွဲထားသော သဲပန်းချီကို ကြည့်သည်။ ခေတ္တမျှကြည့်ပြီးနောက် အိပ်ခန်းထဲသို့ဝင်ကာ အိပ်ပျော်လျက်ရှိသောမြောင်ကို ပွေ့ချီလာသည်။

သူသည် မြောင်၏ခေါင်းကိုဖိပြီး စားပွဲကိုကြည့်ခိုင်းလိုက်သည်။

"မြောင် ... မင်းကြည့်စမ်း။ ဒါက ဟိုသူဌေးသားသခင်လေးက မင်းပုံကို ဆားနဲ့ဆွဲထားပေးတာ။ တကယ်လို့ မင်းနဲ့တူတယ်၊ ဆွဲထားတာကောင်းတယ်လို့ထင်ရင် မြောင်~ လို့ တစ်ချက် အော်လိုက်။ မင်းမအော်ရင် သူရှုံးတယ်လို့ သတ်မှတ်မယ်"

"မင်းမရှက်တတ်ဘူးလား"

ချန်ခေါ့က ကျန်းယွီသော်ကို ကြည့်လိုက်သည်။

ကျန်းယွီသော်က ငြိမ်သက်လျက်နှင့် မြောင်၏ခေါင်းကို ဆက်ဖိထားသည်။

"မြောင် ... မင်းကြည့်စမ်း။ ငါ ၅ အထိ ရေလိုက်မယ်။ တကယ်လို့ မင်းနဲ့တူတယ်ထင်ရင် အော်လိုက်။ တစ် နှစ် ... ..."

"မြောင် ~"

ချန်ခေါ့သည် ကျန်းယွီသော်၏နောက်မှ ရုတ်တရက် တစ်ချက်အော်လိုက်သည်။

ကျန်းယွီသော်မှာ တစ်ချက်ကြောင်သွားသည်။

အသံက ဆင်တူလှချည်လား...။ မြောင်၏ တကယ့်အော်သံဟုတောင် သူထင်သွားသည်။

လှည့်ကြည့်ရန်အလုပ်တွင် သူ့လက်ထဲ၌အချီခံထားရသော မြောင်က ချန်ခေါ့၏ အော်သံကို လိုက်ပြီး မြောင်ခနဲ တစ်ချက်ထအော်လိုက်သည်။

မြောင်~ ...

ကျန်းယွီသော်မှာ ခေတ္တမျှကြောင်သွားပြီးနောက် မြောင်ကို ငုံ့ကြည့်လိုက်သည်။

"လခွမ်း။ မင်းဘာစောက်ရူးထတာလဲ"

"သူအော်လိုက်ပြီ"

ကျန်းယွီသော်သည် မြောင်ကို ဆိုဖာပေါ်သို့ ပစ်ချလိုက်ပြီး ချန်ခေါ့ဘက်သို့လှည့်လာသည်။

"ကြောင်သံနဲ့တူအောင် တော်တော်ကျင့်ထားတာပဲ"

ချန်ခေါ့က စားပွဲကို မှီလိုက်သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now