အခန်း - ၁၆ (ဒုတိယပိုင်း)

1K 126 3
                                    

Chapter ● 16● (Part 2)

ဗီဒီယိုရိုက်ကူးရေးကို အခေါက်ခေါက်အခါခါထပ်ရိုက်ပြီး အားလုံးပြီးဆုံးချိန်တွင် ည ၉ နာရီ ထိုးနေပြီဖြစ်သည်။ လမ်းမီးများပင် ထွန်းလင်းနေပြီဖြစ်ကာ မီးလုံးများမှာ တစ်ခုနှင့်တစ်ခု မျဉ်းကြောင်းတစ်ကြောင်းအလား သွယ်တန်းနေသယောင်။

အထပ်မြင့်အဆောက်အအုံထဲမှ ထွက်လာသောအခါ ချန်ခေါ့သည် ခါးဆန့် အကြောဖြေလိုက်သည်။ နှစ်လတာ အတောအတွင်း သူ့အတွက် အပျော်ဆုံးသော နာရီပိုင်းကို ဖြတ်သန်းလိုက်ရသလိုပင်...။

ရွှီတင်းက ကားမောင်းလိုက်ပို့ပေးမည်ပြောသော်လည်း ချန်ခေါ့က ငြင်းဆိုလိုက်သည်။ ယခင်ကလည်း ရိုက်ကူးရေး ပြီးစီးသွားပါက သူ့သာသာသူပြန်နေကျ ဖြစ်သည်။ ယခုလည်း မောင်းစရာကားမရှိသောလည်း ယခင်ကအတိုင်း မပြောင်းမလဲ ရှိနေရန် သူမျှော်လင့်မိသည်။

ရွှီတင်းလည်း အတင်းလိုက်ပို့ရန် ထပ်မပြောတော့ဘဲ တက္ကစီငှားရန် အဆင်ပြေသော လမ်းဆုံနားအထိ လိုက်ပို့ပေးသည်။

"ဗီဒီယိုတွေ ပြီးသွားရင် မင်းကိုဖုန်းဆက်လိုက်မယ်"

"အင်း"

ချန်ခေါ့က ခေါင်းညိတ်ပြောလိုက်သည်။

"နောက်လကျရင် live ဆွဲရမယ့်ပွဲကို မင်း တစ်ချက်လောက် စဉ်းစားထားလိုက်။ တကယ်လို့ အဆင်ပြေတယ်ဆိုရင် နောက်ရက်တွေမှာ အသေးစိတ် ထပ်ဆွေးနွေးကြတာပေါ့"

"အိုကေ"

ချန်ခေါ့က အိတ်ကပ်ထဲမှ စီးကရက်ဘူးကို ယူထုတ်ကြည့်လိုက်သော် ဘူးထဲတွင် စီးကရက်တစ်လိပ်မှ မကျန်တော့ပေ။ ချန်ခေါ့မှာ ရုတ်ချည်းပင် စိတ်ပျက်သွားသည်။

ရွှီတင်းက စီးကရက်တစ်ဘူးကို လှမ်းပေးလာသည်။

"ဒီနာရီပိုင်းမှာ မင်းတော်တော်သည်းခံလိုက်ရမှာပဲ"

"မင်းစီးကရက်ထွက်သောက်တဲ့အကြိမ်အရေအတွက်တောင် ငါလိုက်ရေနေမိတာ"

ချန်ခေါ့က စီးကရက်ကိုလှမ်းယူလိုက်ပြီး နံရံအနားသို့ လျှောက်သွားသည်။

"live ကိစ္စကို ... ..."

ရွှီတင်းက ပြောရင်း ချီတုံချတုံဖြစ်သွားပြီးမှ ဆက်၍ -

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now