<Unicode>
နတ်ဘုရားတွေမှာရုတ်တရက်တိုက်ခိုက်ခံလိုက်ရတာမလို့နတ်စစ်သည်တော်တွေရောနတ်ဘုရားတွေရောစုစည်းကာပြန်လည်တိုက်ခိုက်ကြပြီးနတ်ဘုရားဧကရာဇ်ကိုအမြန်သတင်းပို့တော့သည်။
*ရပ်လိုက်စမ်း!....ငါ့နယ်မြေမှာဘယ်သူကလာသောင်းကြမ်းဝံ့တာလဲ!*
နတ်ဘုရားတွေကိုကြက်ခလေးငှက်ခလေးသတ်သလိုသတ်နေသည့်လန်စစ်ကဒေါသတကြီးရောက်ချလာတဲ့ဆံပင်အဖြူတွေနဲ့အဘိုးကြီးကိုမျက်လုံးလှန်ကြည့်လိုက်ကာဖော်ရွေစွာပြုံးပြလိုက်သည်။
*အဟွန်း....တွေ့ရတာဝမ်းသာပါတယ်အဖိုးတော်*
*မင်းကဘယ်သူလဲ!*
*အိုး.....ကိုယ့်မြေးကိုတောင်မမှတ်မိတော့ဘူးလား*
လူငယ်လေးရဲ့စကားကြောင့်နတ်ဘုရားဧကရာဇ်ရို့အန်ဟူကထိတ်လန့်သွားရသည်။
သူကသူ့ရှေ့ကလူငယ်လေးကိုမယုံကြည်နိုင်စွာငေးကြည့်လိုက်မိသည်။
*မင်း....မင်းက*
*ဟုတ်တယ်....ကျုပ်ကရှကွမ်ဟုတ်နဲ့ရို့ချင်တို့ရဲ့သားပဲ!*
ရှလန်စစ်ရဲ့မျက်နှာကရုတ်ချည်းခက်ထန်သွားကာပြောလိုက်သည်။
ရို့အန်ဟူရဲ့မျက်နှာကသွေးစုတ်ကာဖြူရော်သွားကာစိတ်ထဲမှလည်းနောင်တတရားတို့ကထွက်ပေါ်လာသည်။
ရှလန်စစ်ရဲ့ပတ်ပတ်လည်ကအရှိန်အဝါတွေကိုကြည့်ကာသူ့ကိုငယ်ငယ်ထဲကအသေသတ်ပစ်ခဲ့ရမှာဟုတွေးကာနောင်တရနေလေသည်။
*လာကြစမ်းသူ့ကိုဖမ်းကြ!*
*အဟက်....ကျုပ်ကိုဖမ်းနိုင်မယ်များထင်နေကြတာလား၁၅နှစ်အရွယ်ကောင်လေးတစ်ယောက်ကိုတောင်မဖမ်းနိုင်တာခင်ဗျားတို့အရမ်းစွမ်းအားကြီးတာပဲ*
လှောင်ရယ်ကာပြောလာတဲ့လန်စစ်ရဲ့စကားေတွကအဖိုးကြီးတစ်သိုက်ကိုအထိနာသွားစေတယ်ထင်ပါ့ချက်ချင်းကိုတိုက်ခိုက်လာတော့သည်။
သူ့စီဝင်ရောက်လာတဲ့စွမ်းအင်ပေါင်းစုံကိုအပြုံးနဲ့သာကြိုဆိုလိုက်ပြီးစုပ်ယူကာသန့်စင်လိုက်သည်။
လန်စစ်ရဲ့ထူးဆန်းလွန်းတဲ့စွမ်းရည်ကြောင့်အားလုံးကထိတ်လန့်သွားကြသည်။
ဒါပေမယ့်သူတို့လန့်နေတာပင်မပြီးဆုံးသေးသူတို့အားလုံးပေါင်းစုထားတဲ့စွမ်းအားထက်၁၀ဆလောက်ပိုပြင်းထန်တဲ့စွမ်းအားတွေကထွက်ပေါ်လာကာနတ်ဘုရားလောကကြီးကိုဖုန်းအုပ်သွားကာသာမာန်နတ်ဘုရားလေးတွေကလွဲလို့ဝါရင့်နတ်ဘုရားတွေအားလုံးကိုဇီဝိန်ခြွေပေးလိုက်လေသည်။
