💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-2
"ကိုကြီး သမီးကိုလိမ္မော်သီးခွာပေး"
လုံးဝစိမ်းပြီး လိမ္မော်ရောင်တောင်မသန်းသေးသည့်လိမ္မော်သီးကို လက်တစ်ဖက်ကပြစ်လိုက် တစ်ဖက်ကပြန်ဖမ်းလိုက်နဲ့ဆော့ကစားကာ ဘယ်ကနေပြန်လာမှန်းမသိသည့် လီလီဟာ ခြံထဲကဒါန်းပေါ်မှာ ထိုင်ရင်းစာထိုင်ဖတ်နေသည့်ကိုကြီးကိုတွေ့သည်နှင့်ကိုကြီးဘေးဝင်ထိုင်ပြီးလိမ္မော်သီးအခွံခွာခိုင်းသည်။
လိမ္မော်သီးအခွံခွာရင် လက်ထိပ်တွေနာပြီးထုံထုံကြီးဖြစ်တယ်ဆိုပြီးပြောကာ ဘယ်တော့မှာအခွံမခွာစားသည့်ညီမဖြစ်သူပေးလာသည့်လိမ္မော်သီးကိုကြည့်ရင်း
"လိမ္မော်သီးကအစိမ်းကြီးရှိသေးတယ်...ဘယ်သူပေးလိုက်တာလည်း"
"ဟီး မိုးမြင့်မိုရ်အိမ်သွားရင်းနဲ့ဟိုးလမ်းထိပ်ကခြံထဲကခူးလာတာ"
"နင်ခိုးလာတာလား"
"ဟင့်အင်နော် ကိုကြီး သမီးကိုအမှုပတ်အောင်မလုပ်နဲ့ ခြံရှင်ဦးကြီးဆီကတောင်းခူးလာတာ...လိမ္မော်သီးကစိမ်းသာစိမ်းတာစားလို့ရပါတယ်...ခွာပေးခွာပေး"
"ဟ ချဉ်မှာပေါ့ဟ...အလကားဖြစ်အောင်လို့လား သွားရေခဲသေတ္တာထဲထည့်ထား ဝါလာမှစား"
"သမီးကအခုစားချင်တာလို့"
ရွတ်ကန်းကန်းနဲ့လီလီ့ကို မျက်မှောင်ကုတ်ကြည့်ပြီးထိုလိမ္မော်သီးကိုခွာပေးလိုက်ရသည်။မဟုတ်ရင်မီးဖိုထဲကမေမေ့ကိုအလုပ်သွားရှုပ်အုံးမှာဒီအရှုပ်ထုတ်မက...
"ဟီး အာ့ကြောင့်ကိုကြီးကိုချစ်တာသိလား"
စွမ်းပြည့်နောင်ရဲ့ပါးနှစ်ဖက်ကိုသူမလက်သွယ်သွယ်လေးနဲ့ဖိဆွဲတော့စွမ်းပြည့်နောင်မှာ ရှောင်ဖယ်လိုက်ရသည်။ပါးကိုသူမအားရှိသလောက်အသေဖိတတ်သည်ကြောင့်သူမဆွဲပြီးရင်ပါးကြီးကပူထူနေပြန်ရော....
"အာ ချိုလိုက်တာလိမ္မော်သီးက...ကိုကြီးပြောတော့ချဉ်လိမ့်မယ်ဆို...အခုချိုနေတာပဲ"
မြိန်ရေယှက်ရေစားပြနေသည့်ညီမဖြစ်သူကိုကြည့်ရင်းသူမလက်ထဲလိမ္မော်သီးတစ်ခြမ်းကိုယူကာတစ်စိတ်ဖဲ့ပြီးပါးစပ်ထဲကောက်ဝါးလိုက်သည်။

YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024