Part-11 Uni/Zawgyi

9.5K 275 32
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-11

ဒီနေ့ဟာ ဆုပေးပွဲနေ့ဖြစ်သည်ကြောင့် ကျောင်းတော်ထဲမှာ အတော်လေးကိုစည်ကားနေသည်။ဆုရကျောင်းသားမိဘတွေကောတစ်ခြားမြို့နယ်ကဆရာဆရာမ၊ကျောင်းအုပ်တွေပညာရေးမှူးတွေကောအကုန်စုံလင်လှသည်။စုံညီပွဲတော်မဟုတ်ပဲဆုပေးပွဲသပ်သပ်သာဖြစ်သည်ကြောင့် အကအလှတွေက ဖွင့်ပွဲအကတစ်ခုသာပါသည်။ဂုဏ်ထူးရသည့်ကလေးတွေသည် ဒီကျောင်းကအတော်လေးများကြတော့ ဆရာမကြီးက ဆုပေးပွဲကိုသပ်သပ်လုပ်ဖို့စီစဉ်လိုက်ရခြင်းဖြစ်သည်။

"ဟင့် ဒါကလည်းခနခနပဲချည်နေရတာ"

လီလီကဂုတ်ထောက်ဆံပင်တွေကိုငါးရိုးကျစ်လေးကျစ်ပြီးအောက်အမြီးနားမှာ ဖဲပြားအစိမ်းလေးနဲ့ချည်ထားသည် ထိုဖဲပြားဟာ ခနခနပြေကျနေတော့ နှုတ်ခမ်းလေးကိုဆူလိုက်ပြီး ကျောင်းခန်းထဲကပြတင်းပေါက်ကမှန်မှာ ကြည့်ပြီး ထပ်ချည်လိုက်သည်။သူမဆံပင်ကတိုပြီး လက်ပြန်ကြီးဖြစ်တော့ချည်ရတာကခက်လှသည်။ထိုကြောင့်လည်း မမြဲတာဖြစ်လောက်မည်။

"ပေးဒီကို"

ခွန်ခမ်းကသူမလက်ထဲကဖဲပြားအစိမ်းလေးကိုယူလိုက်ပြီးထိုဆံပင်အမြီးလေးဆီမှာသူကိုယ်တိုင်ပဲ ဖဲပွင့်ပုံလေးချည်ပေးလိုက်သည်။ပြီးနောက်ပုခုံးပေါ်ကသူမရဲ့အစိမ်းရောင်တပတ်လေးကိုပါ ဆွဲတင်ပေးလိုက်ပြီး သူမခေါင်းလေးကိုပွတ်သပ်လိုက်သည်။

"ရပြီ"

လီလီကပြတင်းမှန်မှာသေချာကြည့်လိုက်ပြီ လက်မနဲ့လက်ညိုးကိုဝိုင်းကာ အိုခေဆိုပြီးလုပ်ပြသည်။

"ငါလှတယ်မလား"

"အင်း လှတယ်"

နှုတ်ခမ်းထက်မှာ အနီရောင်ကာလာတင်ထားပြီး မှုံနံ့သာပါးပါးလေးခြယ်ထားသည့်လီလီဟာ အတော်လေးကြည့်ကောင်းသည်။

"အား ဟား အာ ဟား အာ ဟား"

မြင့်မြတ်ဟိန်းကစာရေးစားပွဲပေါ်တက်ထိုင်နေရာမှ ဆင်းလိုက်ပြီး သူတို့နှစ်ယောက်ကိုကြည့်ကာ အသံဗြဲကြီးနဲ့ ပြောင်သလိုရယ်တော့ လီလီကောခွန်ခမ်းကောလည့်ကြည့်လာသည်။

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now