Part-56 Uni/Zawgyi

7.5K 293 28
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-56

ဒေါ်ကြီးဆိုင်ကပြန်လာတော့ လီလီဟာ အသီးဝယ်ဖို့သတိရသွားသည်ကြောင့်အသီးတွေတန်းဘက်ပြန်ရောက်လာခဲ့ကြသည်။ပန်းသီးရယ်၊နာနတ်သီးရယ်ဝယ်ပြီးပေမယ့် မက်ချစ်စုသရက်သီးကြီးတွေတွေ့တာမလို့ ငရုတ်သီးမှုန့်နဲ့တို့စားချင်စိတ်ကပြောမပြတတ်လောက်အောင်ကိုဖြစ်လာရလေသည်။သို့ပေမယ့်ဝယ်ကျွေးမည်က ကို ဖြစ်တာမလို့ မျက်နှာချိုလေးသွေးကာ ကို့ ကိုခေါ်လိုက်သည်။

"ကိုရေ"

"ဟွန်း သည်းငယ်"

လီလီကတော့ ဈေးထဲရောက်ရင်စားဖို့အတွက်သာကြည့်ပေမယ့် ခမ်းကတော့ ဘယ်ပစ္စည်းဟာဘယ်ဈေးလည်းဆိုတာပဲသူစိတ်ဝင်စားသည်....ဈေးကောင်းရင် သာမိုင်းခမ်းက ခြံတွေကအသီးတွေကိုတန်းထုတ်ရောင်းခိုင်းဖြစ်သည်။အခုလည်းနဂါးမောက်သီးတွေဘယ်ဈေးရှိလည်းမေးနေတုန်းလီလီကခေါ်လာတာမလို့ ချက်ချင်းပြန်ထူးလာခဲ့သည်။

"ဟို ကိုကောသရက်သီးစားအုံးမလားဟင်"

"အာ အွန်း သည်းငယ်စားချင်ရင်ဝယ်လေ"

"အောခ"

ခမ်းဆီကခွင့်ပြုချက်ရတော့ပါးချိုင့်လေးပေါ်သည်အထိပြုံးပြရင်းစပ်ဖြီးဖြီးမျက်နှာ ဘေးလေးလုပ်ကာပြန်ပြောလာခဲ့သည်။ခမ်းဟာသူမပုံလေးကိုသဘောကျကာခေါင်းရမ်းလျက်ရယ်ပြီး အသီးရဲ့‌ပေါက်ဈေးတွေသာလိုက်လံကြည့်ရှုနေလိုက်သည်။

"ဘုတ် ဘုတ် ဘုတ်"

မေးပြီးမှမဝယ်ရင်လည်းမကောင်းတာမလို့ နဂါးမောက်သီးတွေဝယ်ပြီးလှည့်အထွက်ခမ်းရှေ့သို့ပန်းသီးလုံးလေးဟာဘုတ်ကနဲလိမ့်ကျလာခဲ့လေသည်။ခမ်းဟာထိုအသီးလေးကိုကောက်လိုက်ပြီးဘယ်သူ့ဆီကလည်းကြည့်တော့ တက္ကသိုလ်ကျောင်းသူလေးတွေထင် ‌လွယ်အိတ်‌လေးတွေနဲ့ကောင်မလေးတစ်စုဆီကတစ်ယောက်ရဲ့အိတ်ဟာပေါက်ပြီးအသီးတွေထွက်ကျလာခြင်းဖြစ်လေသည်။

ထိုကောင်မလေးတွေဟာ ခမ်းကိုမြင်သည်နှင့်အုနုကျွဲခတ်ဖြစ်ကြကာ ပန်းသီးပိုင်ရှင်ကောင်မလေးကိုခမ်းဆီကသွားယူဖို့အတင်းတိုးလွှတ်နေကြလေသည်။

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now