Part-31 Uni/Zawgyi

11.6K 306 11
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-31

"မဲ့သားလေးရယ်....တစ်ပတ်မှာတစ်ရက်နှစ်ရက်လောက်တော့အိမ်ပြန်လာခဲ့ပါအုံးလား"

မဲ့ဟာသူစားနေသည့်ပန်းကန်ထဲကိုဟင်းတွေခပ်ထည့်ပေးရင်းပြောလာတော့ ခွန်ခမ်းဟာ မဲ့ကိုကြည့်လိုက်ပြီးပြုံးပြကာ

"ဟုတ်ကဲ့ ကျတော် လာခဲ့ပါ့မယ် မဲ့"

မဲ့ စိတ်မကောင်းဖြစ်မှာစိုးလို့သာထိုသို့ပြောလိုက်ရတာ ပုံမှန်ဆိုပြန်မလာချင်တာအမှန်....ပြန်လာရင် ပေါနဲ့ဆုံနေမည်....ပြီးရင် သားအဖခြင်းပြဿနာတတ်ရင်မဲ့ပဲစိတ်ဆင်းရဲရအုံးမှာ......အခုတောင် မဲ့ခေါ်လွန်းအားကြီးလို့ခနလေး မျက်နှာလာပြဖြစ်တာ....မဲ့နဲ့မမကတော့ ဘာမှမသိသည်ကြောင့်ပေါကိုပြန်လက်ခံနိုင်ပေမယ့်သူကတော့ အဲ့လိုမဟုတ်ခဲ့.....ပေါအကြောင်းသာသိခဲ့ရင်ကောမဲ့တို့လက်ခံနိုင်ပါအုံးမလား.....ဒယ်ဒီ့မယားငယ်နဲ့သားတစ်ယောက်ပါရှိနေတယ်ဆိုတာမဲ့သိကြည့် ရောဂါတွေသာထပ်တိုးလာလိမ့်မည်.....ထိုသားကသူနဲ့ရွယ်တူနီးနီးတောင်ရှိနေပြီတဲ့.....သည်းခံကြိတ်မှိတ်ပြီးနေနေရသည်ဟာသိပ်ကိုမှခက်ခဲလှသည်။

"သား စားကောင်းရဲ့လား"

မဲ့ကမေးလာသည်ကြောင့်အတွေးများကိုဖယ်ထုတ်ပြစ်ပြီးမဲ့ကိုပြန်ဖြေလိုက်သည်။

"မဲ့လက်ရာကလုံးဝရှယ်ပဲ"

"အမလေး ဟုတ်ပါပြီတော်....ဟုတ်ပါပြီ"

"အန်တီမိုရေ အန်တီမို အန်တီမို"

အိမ်ရှေ့ကနေအော်ခေါ်လာသည့်အသံကြောင့် မဲ့ကောသူပါ ထိုအသံဆီနားစွင့်မိသည်...

"သမီးလေ လီလီထင်တယ်....မဲ့သွားကြည့်လိုက်အုံးမယ်"

"ဟုတ်ကဲ့"

ဟုတ်ကဲ့သာပြောတာထမင်းစားနေရင်းမှ အရင်ဆုံးထ ထွက်လာခဲ့သည်ဟာ သူဖြစ်သည်ကြောင့် မဲ့ဟာ အနောက်ကနေ ခပ်ပြုံးပြုံးလုပ်မိသည်....

"ကို.....အယ် ခမ်း နင်ကောရောက်နေတာလား"

အစကတော့ စိတ်လိုလက်ရခေါ်မလို့ပြင်ပေမယ့် အနောက်ကအန်တီမိုကိုတွေ့လိုက်သည်ကြောင့် သူမပါးစပ်လေးကိုပိတ်လိုက်ကာအခေါ်အဝေါ်ကိုချက်ချင်းပြောင်းပြစ်လိုက်ရသည်။ခွန်ခမ်းမျက်နှာကြီးဟာတော့ သိသိသာသာကိုတည်တင်းသွားတာမလို့ မမြင်ချင်ယောင်သာဆောင်လိုက်ကာ အန်တီမိုကိုကျော်ကြည့်လိုက်သည်။

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now