Part-51 Uni/Zawgyi

9K 327 17
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-51

"သမီးငယ်"

ခမ်းရဲ့အခန်းသို့ လိုအပ်သည်တွေလုပ်ပေးဖို့လာရင်းအနောက်ကနေခေါ်လိုက်သည့်အသံကြောင့်လီလီဟာလှည့်ကြည့်လိုက်သည်....

"ဖေကြီး"

"အွန်းသမီးငယ်....သမီးငယ် အားရင် ဖေကြီးနဲ့စကားခနလောက်ပြောကြမလား"

ဒီလိုစကားအရဆိုရင် ဖေကြီးဒီ‌အကြောင်းတွေသိပြီးလောက်ပြီဆိုတဲ့သဘောဆောင်တာမလို့ လီလီဟာ ဖေကြီးကိုခေါင်းညိမ့်ပြလိုက်ပြီး

"ဟုတ်ကဲ့ ဖေကြီး အဲ့ဆို သမီးဒါလေးတွေသွားထားလိုက်အုံးမယ်....ပြီးမှသမီးလိုက်ခဲ့လို့ရတယ်မလား"

"အွန်း အဲ့ဆို ဖေကြီး အနောက်ဥယျာဉ်ထဲမှာစောင့်နေမယ်"

"ဟုတ်ကဲ့ ဖေဖေ"

ဖေကြီးထွက်သွားတော့မှသူမလည်း ခမ်းရဲ့အခန်းထဲသို့ဝင်လာခဲ့လိုက်သည်။ဇော်ရှိုင်းခန့်နဲ့မိုးမိုးရှိနေတာမလို့ သူမဖေကြီးဆီလိုက်ဖို့ အချိန်ရသည်ပေ....

"ကို သပ်သာရဲ့လားဟင် ဘယ်လိုနေသေးလည်း"

"ကိုယ် သပ်သာပါတယ်သည်းငယ်ရဲ့....သည်းငယ် ဂျူတီကောပြီးပြီလား"

"ဟုတ်ကို ပြီးတော့ပြီးပြီ...ဒါပေမယ့်လေ ဟို သည်းငယ် ဖေကြီးနဲ့ အောက်ဘက်မှာစကားသွားပြောလိုက်အုံးမယ် နော်ကို....ဖေကြီးကစကားပြောချင်တယ်ဆိုလို့"

"ကိုယ့်အကြောင်းဖြစ်မယ်ထင်တယ်"

ခမ်းဟာနည်းနည်းဖျော့သွားသည့်အသံနဲ့ပြောလာတော့ လီလီအားတင်းပြုံးလိုက်ပြီး ခမ်းရဲ့ပါးကိုအုပ်ကိုင်လိုက်ကာ

"မဟုတ်လောက်ပါဘူးကို ရဲ့ တစ်ခြားအကြောင်းဖြစ်လောက်မှာပါ.....အော် ဒါနဲ့လေ မိုးမိုး ဒီဆေးစပ်ပြီး ထိုးထားပေးမလားဟင်....ငါအမြန်သွားတွေ့ပြီးပြန်လာခဲ့မယ်"

"အိုခေလေ ရတယ်....ငါလုပ်ထားလိုက်မယ်....."

"အဲ့ဆိုငါသွားမယ်နော်"

"အွန်း"

ပန်းသီးလှီးနေသည့်မိုးမိုးဟာပြန်ပြောလာပြီးsofaပေါ်မှာအိပ်လျက်သတင်းစာဖတ်နေသည့် ငရှိုင်းကိုလှမ်းအော်လိုက်သည်။

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now