Part-43 Uni/Zawgyi

9.1K 257 19
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-43

မွေ့ယာဖြူဖြူကအေးစက်နေသလို အဲ့ဒီပေါ်မှာကုတင်ကိုကျောမှီထိုင်လျက် ကုတင်အောက်မှာရပ်နေသည့်သူမကိုစိုက်ကြည့်နေသည့်မျက်ဝန်းနက်တွေကလည်း ချိုမြိန်နေသလို အေးစက်ကာကြောက်စရာလည်းကောင်းသည်။

ကိုဘာတွေတွေးနေတာလည်း....ကိုအဲ့လိုကြီးကြည့်ရင်ကြက်သည်းထဖွယ်အတိ....ကို့ရဲ့မျက်ဝန်းတွေစူးရှသည်....စွဲမက်စရာကောင်းသည်.....

ထိုမျက်ဝန်းတွေကို လီလီဟာစိုးရွံ့သလိုလေးကြည့်ကာ ရှပ်အင်္ကျီလက်ရှည်‌တွေဖုံးနေသည့်လက်နှစ်ဖက်ဟာတစ်ဖက်နဲ့တစ်ဖက်တို့ဆိတ်ကာပွတ်တိုက်နေသည်မလို့လက်လေးတွေပင်ပူလာပြီ.....

လီလီ့ရဲ့မျက်နှာလေးကိုကြည့်ကာ ခမ်းဟာ လေးကိုင်းသဏ္ဍာန်နှုတ်ခမ်းကို လခြမ်းကွေးလို တစ်ဖက်ထဲကွေးနေအောင်ပြုံးလိုက်ပြီး သူ့ဘေးသို့သူမကိုလာအိပ်ရန် မွေ့ယာကိုအသံမြည်တုန်ခါသွားအောင်ပုတ်လိုက်လေသည်။

"လာလေသည်းငယ် အဲ့မှာပဲတစ်ညလုံးရပ်နေတော့မလို့လား"

"ဟင့်အင်"

ချက်ချင်းဆိုသလို ခေါင်းလေးရမ်းခါကာ တစ်လှမ်းနှစ်လှမ်းလောက်သူ့ရှေ့တိုးလာကာပြန်ရပ်တန့်သွားပြန်သည်.....ကိုနဲ့အတူမအိပ်တာကြာပြီဖြစ်သလို အခု ကို ကြည့်နေသည့်အကြည့်တွေကလီလီ့ကိုတွေဝေစေသလို ရင်လည်းခုန်စေသည်ကြောင့် ကို့ကိုကြောက်နေတာလား ရှက်နေတာလား လီလီကိုယ်တိုင်ဝေခွဲမတတ်တော့ပေ.....

"အဟက်"

ရယ်သံကြီးက လည်ချောင်းခပ်အက်အက်ကနေထွက်လာတော့ဩရှရှကြီးနဲ့ ဘယ်လိုကြီးတောင်စွဲဆောင်မှုကောင်းလိုက်သလဲ....ငါလေးတော့အဲ့အသံနဲ့သာဆိုဒီညသေမှာပဲ.....

"ဟေ့ ဘာတွေစဉ်းစားနေတာတုန်း သည်းငယ်လေး"

"ဟို ကို.....သည်းငယ်လေ...ဟို...."

"အင်းဆက်ပြော"

ကိုဟာအောက်နှုတ်ခမ်းကိုဖိကိုက်ပြီး မျက်ခုံးတစ်ဖက်ပင့်ကာပြောလာတော့ လီလီဟာ တကယ်ရင်တွေခုန်လာရသည်....

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now