Part-24 Uni/Zawgyi

10.4K 288 46
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-24

"ခမ်း အဲ့လိုကြီးတအားမဖတ်ထားနဲ့လေလို့"

"ဘာလို့ရှောင်နေတာလည်းပြော"

"ရှက်လို့ပါဆို"

ထိုသို့ထပ်ပြောလာတော့ခမ်းဟာသူမခန္ဓာကိုယ်လေးကိုဖတ်ထားရာမှလွှတ်လိုက်ပြီးသူနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်ပုခုံးလေးကိုကိုင်ကာသူ့ဘက်ဆွဲလှည့်လိုက်သည်။မျက်နှာလေးအောက်ငုံ့ထားသည်ကြောင့်သူမမျက်နှာလေးကိုမြင်ရအောင်ခါးကိုကိုင်းလိုက်ပြီးငုံ့ကြည့်ကာမျက်နှာချင်းဆိုင်စေသည်။

"ကိုယ့်ကိုအဖြေမပေးချင်လို့လား"

"အဲ့လိုလည်းမဟုတ်ဘူးလေ....နင် နင်က ဗြုန်းစားကြီးပြောလိုက်တာကို"

"ကိုယ်မပြောရင် မင်းကပေါက်ကရတွေးတော့မှာလေ"

"ဟွန့်"

နှုတ်ခမ်းလေးဟာ စူထော်လာတာမလို့အသဲယားလာသည်ကြောင့်သူမမျက်နှာနဲ့ခွာလိုက်ပြီးခါးကိုပြန်မတ်လိုက်ကာ ခါးမှာလက်ထောက်လျက်လေပူတွေကိုခေါင်းမော့လျက်မှုတ်ထုတ်လိုက်သည်။မဟုတ်ရင်စွဲနမ်းမိတော့မှာ .....

"ခမ်း"

သူ့နာမည်ကိုနှုတ်ခမ်းလေးလှုပ်ရုံခပ်တိုးတိုး လေးခေါ်လာတော့ သူမလက်လေးကိုဆွဲလိုက်ပြီးsofaပေါ်သို့ထိုင်စေလိုက်သည်။သူပါဘေးမှာလိုက်ထိုင်လိုက်ပြီး

"အဖြေမပေးချင်ရင်တောင် ကိုယ့်ကိုမရှောင်ပါနဲ့....ကိုယ်လောသွားတယ်....သေချာလေးစီစဉ်ခဲ့သင့်တာ... မင်းအဲ့လိုရှောင်ဖယ် ရှောင်ဖယ်လုပ်နေရင် ကိုယ်ရူးသွားလိမ့်မယ်"

"အဖြေမပေးချင်လို့မှမဟုတ်တာ...နင်နဲ့တွေ့ရင်မျက်နှာပူလာပြီး သူဘာ့သာစိတ်ထဲကနေရှက်လာတာ ငါလည်းဘယ်တတ်နိုင်မှာလည်းလို့"

"ရိုးရိုးပြောပါကွာ အဲ့နှုတ်ခမ်းကြီးဆူပြီးပြောရမယ်လို့ မင်းကိုဘယ်သူသင်ပေးလိုက်တာတုန်း"

တကယ်အသဲယားလာပြီး သူ့စိတ်ကိုမနည်းထိန်းထားရတာမလို့ထိုသို့ထုတ်ပြောလိုက်တော့ စိုရဲကာစူထော်နေသည့်နှုတ်ခမ်းလေးကိုဖိသိမ်းသွားပြီး သူ့လက်မောင်းကိုဘုတ်ကနဲ လက်ဖဝါးလေးနဲ့ရိုက်လာခဲ့သည်။

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now