Part-42 Uni/Zawgyi

10.6K 298 21
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-42

မနက်ခင်းပိုင်းအလုပ်လာသည့်အချိန်ကြတော့ ခမ်းကအိမ်ကိုလာကြိုကာဆေးရုံအထိလိုက်ပို့ပေးသည်။ဆေးရုံရှေ့ရောက်တော့ကားရပ်သည်နှင့်ခမ်းဟာ အရင်ဆင်းကာတစ်ဖက်ကနေသူမဆင်းဖို့တံခါးလာဖွင့်ပေးလေသည်။

"အဲ့ဆို သည်းငယ်သွားမယ်နော်ကို"

"အွန်း ညနေကြရင်ကိုလာကြိုမယ်"

"ဟုတ်"

ခမ်းကသူမရဲ့ခေါင်းလေးကိုပွတ်သပ်ပြီးတာ့တာပြလာတော့ လီလီဟာလည်းတာ့တာပြန်ပြပြီးဆေးရုံဝန်းထဲဝင်လာလိုက်သည်။သူမကိုနမ်းပြီးတောင်မနှုတ်ဆတ်တဲ့ခမ်းကိုနှုတ်ခမ်းလေးစူလိုက်ရင်းသူမကပဲနှုတ်ဆတ်ဖို့အတွက်နောက်ပြန်လှည့်ကာကားပေါ်ပြန်တက်တော့မည့်ခမ်းကိုအော်ခေါ်လိုက်လေသည်။

"ကိုရေ"

သူမအသံလေးကြောင့်ခမ်းဟာပြန်လှည့်ကြည့်လာတော့ လီလီကအကောင်းဆုံးပြုံးလိုက်ပြီးလက်လေးနှစ်ဖက်ကိုခေါင်းပေါ်မှာအသဲပုံလေးလုပ်ကာ ရှမ်းဘာသာစကားနဲ့လှမ်းအော်လာခဲ့သည်။

"ဟောင်ဟပ်ဆူး"
(နင့်ကိုငါချစ်တယ်)

"စု ဟောင်းဟပ်ဆူး"
(အချစ်ရေအရမ်းချစ်တယ်နော်)

သူမလုပ်ပုံလေးဟာတကယ်ကိုအသဲယားစရာကောင်းသည်ကြောင့် ခမ်းဟာတစ်ချက်ရယ်လိုက်ပြီး အဲ့လောက်အသဲယားစရာကောင်းနေတဲ့ကလေးမလေးကိုမနမ်းလိုက်ရရင်သူဒီနေ့တစ်နေကုန်အဆင်မပြေနိုင်တော့မှာသေချာသည်။ဘေးဘီကိုတစ်ချက်ဝဲကြည့်လိုက်တော့ ကားတွေကြားထဲမှာဖြစ်သည်ကြောင့်လူသူရှင်းနေသည်နှင့် ခြေလှမ်းကျဲကြီးတွေနဲ့သူမဆီသို့လှမ်းလာကာလီလီ့ရဲ့လည်တိုင်လေးကိုသူ့လက်နှစ်ဖက်နဲ့သိုင်းယူလိုက်ပြီးသူလည်းပဲ လီလီနားမလည်နိုင်သည့်ရှမ်းဘာသာစကားကိုပြောလာခဲ့ပြန်သည်။

"ယွန်းဟောင်မ်ကမ်အိနင်နာ"
(မင်းရဲ့ပါးကိုနမ်းခွင့်ပေးပါ)

"ဟမ်....ဘာပြောတာလည်းဟင်"

လီလီကရှမ်းလိုဆို အောခ၊တို့၊ဟောက်ဟပ်ဆူး တို့ရိုးရိုးအသုံးအနှုန်းလောက်ပဲသိတာ...ဒါတောင်မတောက်တစ်ခေါက်ဆိုတော့ခမ်းရဲ့စကားကိုသူမကနားမလည်စွာကြောင်အအလေးကြည့်ကာ မေးလိုက်တော့ခမ်းဟာ ပြန်မဖြေပဲရုတ်တရက်ပဲသူမပါးကိုဖိကပ်နမ်းပြစ်လိုက်လေသည်။

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now