Part-53 Uni/Zawgyi

11K 323 25
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-53

"ဟျောင့် ငါပြောထားတဲ့ ဂီတာယူလာလား"

"အေးယူလာတယ် ငရှိုင်းဆီမှာပါတယ်"

ခမ်းဟာပေါက်ပေါက်ရှာရှာ ဆေးရုံပေါ်ကိုဂီတာယူလာခိုင်းတာမလို့ မြင့်မြတ်ဟိန်းနဲ့ဇော်ရှိုင်းခန့်ဂာလည်းယူလာပေးရလေသည်။အနောက်ကနေလိုက်ဝင်လာသည့်ဇော်ရှိုင်းခန့်ဆီကနေဂီတာမြင်သည်နှင့်ကုတင်ပေါ်ကနေဆင်းကာဝီးချဲပေါ်ပြောင်းထိုင်လိုက်သည်။

"ဟျောင့် ဘယ်တုန်း"

"သည်းငယ်ရှိတဲ့နေရာသွားမလို့ အနောက်ကနေလာတွန်းလှည့်"

ခိုင်းစားလာသည့်ခမ်းကို မြင့်မြတ်ဟိန်းဂာ နှုတ်ခမ်းမဲ့လိုက်ပြီး  အနောက်ကနေတွန်းပေးရသည်။

"မင်းကသိလို့လား ဘယ်မှာရှိလည်းဆိုတာ"

"အွန်းသိတယ် အောက်ဘက်ကဘိုးဘွားလူနာတွေအဆောင်မှာရှိမယ်တဲ့ငါ့ကိုပြောသွားတယ်"

"ဟျောင့်ဒါသူ့ဂျူတီချိန်ကြီးနော်"

"ကျစ် သိတယ် မနေ့ကတောင် ငါ့ကိုခေါ်သွားသေးတယ်....လိုက်ပို့စမ်းပါကွာ....ဟျောင့် ဂီတာပါယူခဲ့"

ခမ်းရဲ့အမိန့်ကြောင့်နှစ်ကောင်သားစိတ်တိုင်းကျလိုက်လုပ်ပေးနေရပြီး သူပြောသည့်ဘိုးဘွားလူနာဆောင်သို့ရောက်လာခဲ့ရသည်။

ထိုလူနာဆောင်က သက်ကြီးရွယ်အိုတွေအတွက်သီးသန့်ဖြစ်သလို ထိုထဲက အဘိုးအဘွားတွေနဲ့လည်း ခမ်းကခင်နေလေသေးသည်။

"အယ် ကို"

လီလီဟာသူ့ကိုမြင်လိုက်သည်နှင့်လက်လှမ်းပြတော့ ခမ်းဟာလက်ပြန်ပြလိုက်ပြီးသူနဲ့အတော်ခင်သည့်အဘိုးဆီသို့အရင်သွားတွေ့လိုက်သည်။

"အဘိုး နေကောင်းရဲ့လား"

"ဒေါင်ဒေါင်မြည်ပဲကွ....မင်းကောင်မလေးကိုလာကြည့်တာလား"

"အွန်း အဘိုးပြောသလို  ကျတော်သီချင်းဆိုပြမလို့လာတာ"

"ကောင်းတယ်ကွာ ကောင်းတယ်...လုပ်ဆိုစမ်းနားထောင်ရအောင်"

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now