💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-50
ဒေါက်တာကသူဆေးတစ်လုံးထိုးပြီး ခမ်းကိုအရင်ဆုံး ဆေးရုံတင်ဖို့ပြောတာမလို့ ဆေးရုံကိုရောက်လာကြသည်....ခမ်းအရင်ကပြသည်ဆိုတဲ့ဒေါက်တာဟာ ဖြစ်ချင်တော့ လီလီတို့ဆေးရုံကဒေါက်တာဖြစ်နေတာနဲ့ စဝ်စံထွန်းဆေးရုံကြီးသာတင်လိုက်ရသည်။
ဖြစ်နိုင်ရင်ဒီကိစ္စကို မိုးမိုးတို့ကိုတောင်မသိစေချင်တာအမှန်....သူငယ်ချင်းပေမယ့် ကို့ ကို အထင်သေးမှာ သိပ်ကြောက်တယ်....သို့ပေမယ့်လည်း သူမရဲ့အနီးဆုံးနှစ်သိမ့်ပေးနိုင်သည့်သူတွေဟာ သူတို့သာဖြစ်လေသည်။
ခမ်းကိုဒေါက်တာကစစ်ဆေးနေတုန်း အပြင်ကနေသာသူမတို့စောင့်နေရသည်။အခုထိငိုနေဆဲဖြစ်သည့်လီလီ့ကိုတော့ မိုးမိုးနဲ့ဝင့်ဟာ ဖတ်ထားပြီး နှစ်သိမ့်ပေးကြသည်။သူတို့လည်းဒီကိစ္စကိုသိသိလိုက်ရခြင်းတကယ်ကိုမယုံနိုင်ဖြစ်ခဲ့ရတာ.....
"မိုးမိုးနဲ့ဝင့် ဒီအကြောင်းကို ဘယ်သူ့မှပေးမသိရဘူးလို့ ငါ့ကိုကတိပေး"
ငိုရလွန်းလို့ နှာခေါင်းတွေပါပိတ်နေပြီဖြစ်တဲ့ လီလီဟာ တိုးဖွဖွအသံလေးနဲ့ထိုသို့ဆိုလာတော့ မိုးမိုးဟာ လီလီရဲ့ပါးလေးတွေကိုသူမလက်နှစ်ဖက်နဲ့အုပ်ကိုင်ပြီး မျက်ရည်လေးတွေကိုသုတ်ပေးလိုက်ကာ
"ငါတို့ကဘယ်သူတွေလည်း လီလီ"
"ဟင်"
"ငါတို့ကသူငယ်ချင်းတွေမဟုတ်ဘူးလား"
"အင်း"
နာမလည်သယောင်ရှိနေသည့်လီလီ့ကိုထပ်ပြောလိုက်မှသူမကသဘောပေါက်ကာ မျက်ရည်စတွေကိုလက်ခုံနဲ့ပွတ်သုတ်ပြီး ခေါင်းညိမ့်ပြလာခဲ့သည်။
"အဲ့ဆို ငါတို့က ငါတို့သူငယ်ချင်းအတွက် အကောင်းဆုံးဆိုတာတွေပဲဖြစ်အောင်လုပ်ပေးမှာမလို့ နင်ဘာမှမပူနဲ့နော်"
"ဟုတ်တယ် လီလီရဲ့ ဝင့်လည်းလေ ခင်တာမကြာသေးပေမယ့် လီလီတို့ကိုတကယ်ကိုခင်တာမလို့ ဒီကိစ္စအတွက်ဘာမှမပူနဲ့နော်"
"အွန်း"
"ကဲ အရမ်းမငိုနဲ့တော့လေ အခုဒေါက်တာလည်း စစ်နေပြီဆိုတော့ စိတ်ချရတော့မှာပါ....ငါတို့ စိတ်အေးအေးထားရအောင်နော်"
![](https://img.wattpad.com/cover/362667439-288-k796474.jpg)
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024