💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-45
"အွန့်....."
ရုတ်တရက်ကြီးနမ်းခံလိုက်ရတော့လီလီရဲ့လက်လေးတွေဟာ ခမ်းရဲ့ရင်ဘက်ကအင်္ကျီစကိုတင်းကြပ်နေအောင် ဆုတ်ကိုင်မိလျက်သားဖြစ်သွားခဲ့သလို ခမ်းနမ်းနေသည်ကိုလည်းငြင်းဆန်ခြင်းမပြုခဲ့ကာ သူမလည်းတတ်နိုင်သလောက်ပြန်နမ်းပေးနေလိုက်သည်။
"ဟင့် ကို အွန့်"
အသက်ရှုကြပ်လာရပြီမလို့ ခမ်းရဲ့ရင်ဘက်ကိုတွန်းထားလိုက်ကာ နမ်းနေသည်မှရုန်းထွက်တော့ ခမ်းဟာ ရီဝေဝေအကြည့်တွေနဲ့ အသက်လုရှူနေသည့်လီလီ့ကိုကြည့်လာခဲ့သည်။
အတော မသတ်နိုင်သေးသည့်သူ့ရဲ့အနမ်းတွေကနှုတ်ခမ်းလေးကိုအလွတ်ပေးလိုက်ပြီးမေးစေ့ကိုဖိကပ်နမ်းကာ မေးစေ့ကနေတစ်ဆင့်လည်ချောင်းရိုးလေးကိုပွတ်တိုက်နမ်းလာတော့ လီလီ့မှာ ထပ်ပြီး အသက်ကိုအောင့်ထားမိသည်။တံတွေးမြိုချလိုက်သည်ကြောင့် လှုပ်ရှားသွားသည့်သူမရဲ့ လည်ချောင်းရိုးလေးဟာအပေါ်အောက်လှုပ်ရှားသွားသည်ကသူ့နှုတ်ခမ်းထက်မှာ ပိုတိုးလို့နမ်းချင်စိတ်ကိုဖြစ်ပေါ်စေသည်။လည်တိုင်လေးကိုဖိကပ်နမ်းထားသည်မှလည်တိုင်လေးနဲ့ရင်ဘက်အစပ်နားကအချိုင့်လေးဆီသို့ရောက်လာခဲ့ပြီးခမ်းရဲ့လက်တွေဟာလီလီဝတ်ထားသည့်ရှပ်အင်္ကျီရဲ့အပေါ်ကြယ်သီးတစ်လုံးကိုဖြုတ်ပြစ်လိုက်သည်။
"ကို....."
ပန်းချီကားချပ်ကိုကိုင်ထားသည့်သူမလက်လေးတွေဟာ ခမ်းရဲ့လက်တွေကိုတားလိုက်ပြီးဆုပ်ကိုင်လိုက်တော့ ခမ်းဟာ သူမကိုခေါင်းထောင်ကြည့်လာသည်။
"တစ်ဆင့်တက်ခွင့်ပေး"
"ဟင်"
ခမ်းရဲ့တောင်းဆိုချက်ကိုနားမလည်သလိုပြူးပြူးလေးပြန်ကြည့်နေတော့ ခမ်းဟာ သူမလက်ထဲကပန်းချီကားကိုယူလိုက်ပြီးရှေ့ကစားပွဲပေါ်တင်လိုက်သည်။ပြီးနောက်သူမခန္ဓာကိုယ်လေးကိုကောက်ပွေ့လိုက်ပြီး သူ့ခြေထောက်တွေရဲ့ဦးတည်ချက်က သူ့အခန်းထဲသို့ဖြစ်လာခဲ့သည်။
သူမကိုပွေ့ထားလျက်ပဲ အခန်းတံခါးကိုဖွင့်လိုက်ပြီး ခြေထောက်နဲ့ပြန်ကန်ပိတ်လိုက်ကာ လီလီ့ကိုအိပ်ရာထက်သို့ခေါ်လာပြီးပြစ်ချပြစ်လိုက်သည်။သူ့ရဲ့လုပ်ပုံတွေကိုနားမလည်စွာပြန်ကုန်းရုန်းထနေသည့်ကောင်မလေးကိုအထမခံပဲအပေါ်ကနေသူ့ခန္ဓာကိုယ်ကြီးအုပ်မိုးလိုက်ကာ လက်လေးတွေနှစ်ဖက်ကိုချုပ်နှောင်ထားလိုက်သည်။
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanficမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024