Part-18 Uni/Zawgyi

9.5K 257 20
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-18

"မှူးရေ မှူးကလေ ကိုယ့်အတွက်တော့ မရှိမဖြစ်လိုအပ်လာတဲ့နှလုံးသားပဲ့ကိုင်ရှင်လေးဖြစ်လာပြီ"

စွမ်းပြည့်နောင်ဟာအလုပ်ကပြန်ပြန်လာခြင်းအိမ်ရှေ့ဧည့်ခန်းမှာ ကြောင်နဲ့ကစားနေသည့်လီလီ့ကိုကျော်ကာ သူ့အခန်းထဲသို့သာဦးတည်လာခဲ့သည်။ကြောင်လေးနဲ့ကစားရင်းမှ လီလီပါးစပ်ကနေ ထိုသို့ဆိုလာတော့ စွမ်းပြည့်နောင်ရဲ့ခြေလှမ်းတွေဟာရပ်တန့်သွားပြီးလီလီ့ကိုလည်ပြန်ကြည့်လာသည်။

လီလီဟာ သူ့ကိုကျောခိုင်းထားဆဲဖြစ်သည်ကြောင့်ထိုကလေးမကို ဂျိုကြည့်ကြည့်ကာ ခေါင်းကိုရမ်းခါလိုက်ပြီးသူအခန်းသို့သာဦးတည်ပြန်သည်။

"ချစ်တယ် မှူးရယ်...ပြောမပြတတ်လောက်အောင်ကို ကိုယ်ချစ်မိနေပြီ"

ထိုသို့လီလီဟာ ဆက်ပြောလာတော့ စွမ်းပြည့်နောင်ဟာ စလွယ်သိုင်းလွယ်ထားသည့်အိတ်ကိုချွတ်လိုက်ပြီး လီလီဆီသို့ သူ့ခြေထောက်တွေကဦးတည်လာခဲ့သည်။လက်ထဲကအိတ်ကိုခုံပေါ်ပြစ်တင်လိုက်ပြီး လီလီရဲ့ဂုတ်ပိုးကို လက်နဲ့ညှစ်ကိုင်ကာ ဖိထားလိုက်ပြီး

"နင်ငါ့ စာအုပ်ခိုးဖတ်ထားတာလား"

"အ ဟင့် နာ နာတယ် ကိုကြီးရ"

"ပြော ငါ့စာအုပ်ခိုးဖတ်ထားတာလား"

"အို ခိုးဖတ်စရာလား..ကိုကြီးလက်တွေဖယ် နာနေပြီ"

သူ့လက်တွေကိုပုတ်ထုတ်လာသည်ကြောင့် သူမဂုတ်ပိုးထက်ကနေဖယ်ရှားကာ လီလီနဲ့အတူ ကြမ်းပြင်ပေါ် ဖင်ထိုင်ချလိုက်သည်။

"ခိုးမဖတ်ပဲ အဲ့စကားတွေနင်ဘယ်လိုသိနေတာလည်း"

"လာပြန်ပြီလားခိုးဖတ်တယ်ပဲ ခိုးမဖတ်ဘူးနော် ပေါ်တင်ဖတ်တာ ပေါ်တင်ဖတ်တာ...နေ့လည်က မေမေက ကိုကြီးအခန်းထဲကိုသန့်ရှင်းရေးဝင်လုပ်ခိုင်းလို့အဲ့စာအုပ်တွေ့တာ...ကဲ ရပြီလား"

မျက်ခုံးလေးကိုပင့်ခါးလေးကိုထောက်ကာ သူကလည်းမှားသေး ပေါ်တင်ပြန်ငြင်းနေတော့ သူမနဖူးကိုလက်ဆစ်နဲ့ခေါက်ပြစ်လိုက်သည်။

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now