Part-60 Uni/Zawgyi

9.6K 331 36
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-60

"လွှတ်လို့ သည်းငယ် သောက်အုံးမှာပါဆို"

ကားထဲသို့သူမကိုအတင်းထည့်လိုက်ပေမယ့် လီလီဟာ ခမ်းရင်ဘက်ကိုတွန်းပြီးကားပေါ်ကနေအတင်းပြန်ဆင်းနေတာမလို့ခမ်းမှာ လေပူတွေကိုမှုတ်ထုတ်ပြီး နောက်ခန်းထဲကိုသူပါလိုက်ဝင်ထိုင်ရသည်။

"ဟ ဖြေးဖြေးလုပ်ငခမ်းရ ငါ့အချစ်လေးနာသွားမယ်"

ခမ်းကတိုးထိုင်လိုက်တာမလို့ ဟိုဘက်ထောင့်မှာရှိနေသည့် မိုမိုးရဲ့ခေါင်းဟာ ကားမှန်နဲ့သွားတိုက်သည်ကြောင့် ရှေ့ခန်းမှာထိုင်နေသည့်မြင့်မြတ်ဟိန်းဟာ မိုးမိုးရဲ့ခေါင်းကိုထိန်းကိုင်လိုက်ပြီးပြောတော့ ဇော်ရှိုင်းခန့်က မြင့်မြတ်ဟိန်းရဲ့နရင်းကိုအုပ်လိုက်ကာ

"အဲ့လောက်အဖြစ်သည်းမနေနဲ့ အဲ့လောက်နဲ့သေတော့မသေနိုင်ဘူး"

"ဟျောင့် အဲ့ဒါမင်းညီမနော်"

"ကျစ် ကွာ မောင်းတော့ မင်းတို့နောက်မှစကားများကြ"

နောက်ကနေခမ်းကဝင်ပြောလိုက်မှဇော်ရှိုင်းခန့်ဟာကားမောင်းထွက်လာခဲ့ရသည်။

"ကို...."

"အာ ကျစ် သည်းငယ်"

ဝင့်နဲ့မိုးမိုးဟာ အိပ်နေပေမယ့် လီလီကတော့ငြိမ်ငြိမ်မနေနိုင်စွာ ခမ်းဘက်ကိုလှည့်လာပြီး ကြယ်သီးသုံးလုံးလောက်ဖြုတ်ထားသည်ကြောင့် ရင်ဘက်ဟနေသည့်ခမ်းရဲ့ရင်ဘက်ထဲသို့သူမလက်ကိုထိုးထည့်လာကာ ခေါ်လာတော့ ခမ်းမှာ ရှေ့ကနှစ်ကောင်ကြောင့် လီလီ့လက်ကိုတားထားရသည်။

"ဟွန်းးးးး ဘာလို့လိုက်တားနေတာလည်း အရင်လည်းကိုင်နေကြဟာကို"

"ဟာ့ဟ် သည်းငယ်"

ဒီတစ်ခါတော့ လီလီရဲ့နှုတ်ခမ်းလေးကိုသူ့လက်နဲ့ပိတ်ကာ စကားသံတွေထပ်မထွက်အောင်တားလိုက်တော့ အရှေ့ကနှစ်ကောင်ဟာ တဟား ဟား နဲ့ရယ်လေတော့သည်။

"ချီး သေချင်လို့ရယ်နေတာလား မင်းတို့က"

"ငါတို့ကိုနောက်မှသတ် မင်းဟာလေးကိုပဲ အရင် ထိန်းလိုက်ပါ သားကြီးရာ ဟား ဟား ဟား"

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now