💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-4
ဒီနေ့ကတော့ အတင်းစာလုပ်ခိုင်းသည့် လီလီ့ကြောင့်ခွန်ခမ်းမှာ စာမလုပ်ချင်ပေမယ့် စာတွေကျက်နေရသည်။မျက်နှာကြီးမအီမသာဖြစ်နေသည်ကြောင့် လီလီဟာ ခိုးပြုံးလိုက်ပြီး သူမလွယ်အိတ်ထဲကနေပစ္စည်းတစ်ခုကိုထုတ်လိုက်သည်။
"ရော့"
"ဟမ် ဒါကြီးကဘာလည်း"
သူ့ရှေ့ကိုရောက်လာသည့် ဖျော်ရည်ခွက်ပုံသော့ချိတ်လေးကြောင့် သူမကိုမော့ကြည့်လိုက်ပြီးမေးလိုက်သည်။
"Key chainလေ...နင်ကအပြာရောင်ငါကအပန်းရောင်လေး"
"ငါ့အတွက်လား"
"အင်းလေ ငါ့လိုလွယ်အိတ်မှာချိတ်ထား"
သူမလွယ်အိတ်မှာချိတ်ထားပြီဖြစ်သည့်သော့ချိတ်ကိုပုတ်ပြကာဆိုတော့ ခွန်ခမ်းမှာ မယူချင်ယူချင်ယူရပြန်သည်။ဒီဟာကြီးချိတ်ထားရအောင်သူက ကလေးလည်းမဟုတ်သလို ဒူးနေတာလည်းမဟုတ်...ဒီဟာလေးကတော့လုပ်ပြန်ပြီ....
"ဘာလည်း မလိုချင်လို့လား"
"အမ် အဲ့လိုလည်းမဟုတ်ဘူးလေ...နင်ပေးတဲ့လက်ဆောင်ဆိုတော့ သိမ်းထားလိုက်မယ်...လွယ်အိတ်မှာချိတ်ထားရအောင်ကြီးကြတော့ ငါအခြောက်မှမဟုတ်တာ"
"အဲ့ဟာလေးချိတ်ထားတာနဲ့ အခြောက်ဖြစ်ကောလား.....မလိုချင်ရင်ပြန်ပေး....စကားကိုတောင်ပြောမြောက်ပြောမပြောနဲ့"
သူ့လက်ထဲပြန်လုသည်ကြောင့် လက်ကိုနောက်ဆုတ်လိုက်ပြီးးး
"ချိတ်ထားမယ် ချိတ်ထားမယ် ရပြီလား"
"ပြီးတာပဲ...ငါ့ရှေ့မှာတင်ချိတ်"
"Okဗျာ"
ခွန်ခမ်းက ထိုဖျော်ရည်ခွက်ပုံကီးချိန်းလေးကိုသူ့ရဲ့ဘေးလွယ်အိတ်မှာချိတ်လိုက်တော့ လီလီခိုးပြုံးမိပြန်သည်။သူမအနိုင်ကျင့်သမျှခံသည့် ခွန်ခမ်းကိုလည်း တကယ်အံ့ဩမိသည်။သူမနဲ့စခင်သည့်အချိန်ကတည်းကအခုအရွယ်ရောက်သည်အထိ ခွန်ခမ်းဟာ သူမကိုမျက်နှာတစ်ချက်အညိုးမခံခဲ့သလို၊သူမစိတ်ကောက်မှာတို့ မခေါ်တော့မှာတို့ဆိုလည်းသူတအားကိုမှကြောက်သည်။စိတ်ကောက်ပြီဆိုလည်း စိတ်ကောက်မပြေမခြင်းစိတ်ရှည်သည်းခံချော့သည်။ဒါကြောင့်လည်းသူမဟာပိုပြီးစိတ်ကောက်ချင်တာနေပါမည်။

YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024