Part-61 (The End)Uni/Zawgyi

8K 313 24
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-61(ဇာတ်သိမ်းပိုင်း)

"အဟမ်း မနက်စာကဘာစားဖို့ရှိလည်း"

သူမတို့ သုံးယောက်ဟာရေမိုးချိုးပြီးသည်နှင့်မီးဖိုထဲဝင်လာပြီး ကော်ဖီသောက်နေကြသည့် ခမ်းတို့ကိုမေးလာတော့ ခမ်းဟာ ပြန်ဖြေလိုက်သည်။

"သည်းငယ်တို့အတွက် ပေါင်မုန့်ကြက်ဥကြော်ပဲလုပ်ထားပေးတယ်....မစားချင်ရင် ကိုယ်တို့အပြင်ကတစ်ခုခုဝယ်ပေးမယ်"

"အာ ရတယ် ရတယ် ပေါင်မုန့်ကြက်ဥကြော်ပဲစားတော့မယ်....ကော်ဖီခါးခါးလေးနဲ့"

"အို ခေ အိုခေ ကိုယ်တို့အခုလုပ်ပေးမယ်"

ခမ်းက ထလာလိုက်ပြီး လီလီ့လက်လေးကိုဆွဲလိုက်ကာ သူထိုင်နေတဲ့နေရာကိုဖယ်ပေးပြီးသူမကိုထိုင်စေလိုက်ကာသူမအတွက်ကော်ဖီကိုချက်ခြင်းထ လုပ်ပေးလေသည်။

ထိုတော့ ထိုင်နေဆဲဖြစ်သည့် မြင့်မြတ်ဟိန်းနဲ့ ဇော်ရှိုင်းခန့်ကိုအလိုက်မသိရလေခြင်းဆိုသည့်မျက်နှာဘေးနဲ့ဝင့်နဲ့မိုးမိုးကကြည့်လိုက်တော့ သူတို့နှစ်ယောက်လည်းနေရာဖယ်ပေးကာသူမတို့အတွက်လုပ်ပေးရလေသည်။

"ဟွန့် အလိုက်ကိုမသိတာ"

မိုးမိုးကထိုသို့ရွတ်ကာခုံမှာဝင်ထိုင်တော့ လီလီ ဟာ တိုးတိုးလေး ခစ်ကနဲရယ်လိုက်ပြီးမိုးမိုးနဲ့ဝင့်ဘေး ကိုကပ်လိုက်ကာသူမပါးစပ်ကိုလက်လေးနဲ့ကွယ်ပြီး ဂုဏ်ဆာကာ ထပြောလာခဲ့သည်။

"တို့ကောင်လေးကတော့ အလိုက်ရှယ်သိတာနော် တွေ့တယ်မလား"

"လီလီ နင်...."

"ကောင်မစုတ် အချင်းချင်းကိုနော် လာဂုဏ်ဆာမနေနဲ့"

"အဟဲ ပြောပြတာ ပြောပြတာ"

မိုးမိုးကတော့ မြင့်မြတ်ဟိန်းကိုဂျိုကြည့်ကြည့်နေတာမလို့ လီလီဟာ ပုခုံးလေးတွန့်လိုက်ပြီး

"ကဲ ကောင်မရယ်ငါကစတာပါ...ဟိန်းကအလိုက်မသိတာမဟုတ်ဘူး နင်အဲ့လိုလုပ်လို့သူမှာပြာပြီးကြောက်နေတာပါနော်"

"ဟွန့်"

လီလီကထိုသို့ပြောလိုက်မှမိုးမိုးကသက်ပြင်းကြီးချကာ ခုံနောက်မှီကိုမှီချလိုက်ပြီး မျက်နှာလေးမဲ့ကာထိုင်နေလေသည်။

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now