Part-48 Uni/Zawgyi

8K 258 16
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-48

ခမ်းဟာကုတင်ပေါ်မှ အောက်သို့ ခြေထောက်ချကာထိုင်နေပြီး ရှိုင်းနဲ့ဟိန်းကိုသူဖြစ်ခဲ့တဲ့အကြောင်းတွေကိုပြောပြနေရာမှ ယောက်ျားတန်မဲ့ပါးပေါ်သို့ကျဆင်းလာသည့်မျက်ရည်စက်ကိုလက်နှစ်ဖက်နဲ့ပွတ်သုတ်ပြစ်လိုက်ပြီးစကားတွေကိုဆက်သည်....

"မမှူးသာဒီအကြောင်းသိရင် ငါ့ထက်ကိုဆိုးလိမ့်မယ်....အစကတည်းက မမှူးက ဝမ်းနည်းလွယ်တဲ့သူမလို့"

"အေးပါ ကွာ.....အခုလောလောဆယ်မမှူးကိုတော့ပေးမသိသေးတာအကောင်းဆုံးဖြစ်လိမ့်မယ်လို့ငါထင်တယ်....အခုမင်းဘာဆက်လုပ်မယ်စိတ်ကူးလည်း ခမ်း"

မြင့်မြတ်ဟိန်းဟာ ခမ်းရဲ့ပုခုံးကိုပုတ်လိုက်ပြီး ခမ်းရဲ့ဘေးသို့ဝင်ထိုင်ကာပြောလာတော့ ခမ်းဟာ နီရဲရဲမျက်လုံးတွေ ညိုနေသယောင်ရှိသည့် မျက်အိမ်တွေနဲ့ကြည့်လာကာ

"ငါမသိသေးဘူး"

"ဟင်းးးးး"

ဇော်ရှိုင်းခန့်ဟာ သက်ပြင်းကြီးချလိုက်ပြီး

"မင်းဒီပစ္စည်းတွေဆက်လုပ်ဖို့များစဥ်းစားနေတာလား ဟျောင့်"

တွေဝေနေသည့် ခမ်းရဲ့စိတ်တွေက ရောက်တတ်ရာရာဖြစ်နေတာမလို့ သူဘယ်ကနေဘယ်လိုစရမလဲမသိ...သူသိတာက သူ့ဘေးအမြဲရှိခဲ့ပြီး နှစ်သိပ်ပေးတတ်သည့် သူ့သည်းငယ်လေးသာသူတွေ့ချင်သည်။

"ဒီကောင် လွယ်လွယ်နဲ့ပြန်ဖြတ်လို့ရတော့မှာတော့ မဟုတ်တော့ဘူး...မင်းအခု ဒီပစ္စည်းတွေပြန်စွဲနေပြီမလို့ မင်းအရင်ဆုံး အရင်ဒေါက်တာနဲ့ပြန်တိုင်ပင်ရမယ်.....မင်းအချိန်ပြန်ယူရမယ်ခမ်း"

ခမ်းဟာခေါင်းပဲညိမ့်ပြလာပြီး သူ့ရင်ဘက်ထဲမှာစို့အောင့်နေသည့်ဒဏ်ကြောင့် ရူးမတတ်ကိုဖြစ်နေတာပဲသူသိသည်....

တွေ့ချင်လိုက်တာသည်းငယ်ရယ်....ကိုယ့်အမှားတွေကိုသည်းငယ်ကိုပြောပြချင်တယ်....သည်းငယ်လေးခွင့်မလွှတ်ဘူးဆိုရင်တောင်မှပေါ့....ဒါပေမယ့်လည်း ကိုယ်ဘယ်လိုပြောရမလဲစဉ်းစားမရဘူး....ရူးတော့မယ်ထင်တယ်....သေလောက်အောင်ကိုလွမ်းနေတာမင်းသိလားသည်းငယ်...

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now