💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-20
မနက်ဖြန်ဆို လီလီက ရန်ကုန်ကိုကျောင်းသွားတက်ရတော့မှာမလို့ အပြင်မှာဝယ်စရာရှိတာဝယ်ပြီး ငယ်ငယ်က စားနေကြဒေါ်ကြီးဆိုင်မှာ ဟင်းထုပ်သွားစားဖို့အတွက် ခမ်း ကိုလာခေါ်သည်....နှစ်ယောက်သားစရင်းနောက်ရင်းနဲ့မလို့ အပြင်ထွက်လာပြီးလမ်းတစ်ဝက်ရောက်မှ လီလီ့ဖုန်းဟာ ခွန်ခမ်းအိမ်မှာကျန်ခဲ့မှန်းသတိရသည်ကြောင့် အိမ်သို့တစ်ခါပြန်လာယူရသည်။
"ခမ်း သွားယူပေးပါလား ဟင် ငါအပေါ်မလိုက်တော့ဘူးလေ...နင့်အိပ်ယာပေါ်လား စားပွဲပေါ်လားမသိဘူးတင်ခဲ့လိုက်တာ"
အပေါ်လေးလိုက်တက်ရမှာကိုပျင်းနေပါသောလီလီဟာအထဲထိတောင်လိုက်မဝင်တော့ပဲ ခွန်ခမ်းရဲ့အင်္ကျီစကိုဆွဲကာ ချစ်စရာကောင်းအောင်ပြောနေတော့ခွန်ခမ်းက သူ့လက်နှစ်ဖက်ကိုခါးမှာထောက်လိုက်ကာ မျက်ခုံးနှစ်ခုကိုတွန့်ချိုးပြီးလီလီ့ကိုကြည့်လာခဲ့သည်။
"ကျန်ခဲ့တဲ့ဖုန်းက မင်းဖုန်းလားငါ့ဖုန်းလား"
"ဟီး.....ငါ့ဟာလေ"
"ဒါကို ငါကတက်ယူပေးရမယ်ပေါ့"
"အွန်း...ဒီမှာဖိနပ်ကလည်းချွတ်ရအုံးမှာ မချွတ်ချင်တော့လို့လေနော်"
သူမရဲ့ခြေသလုံးတစ်ဝက်ထိသိုင်းချည်ရသည့်ကြိုးသိုင်းတွေနဲ့ဖိနပ်ကိုလက်ညိုးလေးထိုးကာဆိုတော့ ခွန်ခမ်းကခေါင်းကိုမော့ကာမျက်လုံးတွေမှိတ်ချလိုက်ပြီး သက်ပြင်းချလိုက်ကာ
"အဲ့ဆိုလည်းခနစောင့်"
"ဟီး ချစ်ဖို့ကောင်းတာတအားပဲ...သွား သွားဒီကနေစောင့်မယ်နော်...ဖြည်းဖြည်းလည်းသွားအုံး"
ခွန်ခမ်းရဲ့ရင်ဘက်ကိုသူမလက်လေးနဲ့ပုတ်ကာ ပါးချိုင့်လေးခွက်ဝင်သည်အထိပြုံးပြပြီး အပိုစကားတွေပါဆိုတော့ ခွန်ခမ်းက ယောက်ျားကြီးတန်မဲ့မျက်စောင်းထိုးကာ လီလီ့နဖူးကိုလက်သီးဆုပ်နဲ့ထုပြီး အထဲသို့ဝင်သွားခဲ့သည်။
"ဒီစာချုပ်မှာမင်းလက်မှတ်ထိုးလိုက်ရင်ရပြီ....မင်းအတွက်နစ်နာကြေးကို မှော်ဘီဘက်ကခြံလည်းငါပေးပြီးသားလေ နန်း"

YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024