Part-36 Uni/Zawgyi

8.8K 274 23
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-36

မနက်ပိုင်း ထမင်းစားပြီးတာနဲ့မိုးလေးတိတ်နေတာမလို့စိုက်ခင်းဆီသွားမယ်ဆိုသည့်ခမ်းနောက်ကို လီလီတို့လိုက်ဖို့ပြင်လေသည်။

"ကို မိုးတိတ်နေတယ် သည်းငယ်တို့လည်းလိုက်မှာနော်.....ခနစောင့်"

"အေးပါကွာ....အေးပါ....လိုက်ခဲ့...နွေးနွေးထွေးထွေးတော့ဝတ်ခဲ့နော် သည်းငယ်လေး....လေတွေတိုက်နေတာမလို့အေးတယ်"

"အွန်း အွန်း"

ခမ်းရဲ့အပြောကိုအသိအမှတ်ပြုခေါင်းညိမ့်ပြကာလီလီကော မိုးဟာအပေါ်သို့တက်သွားပြီးအဝတ်စားသွားလှဲလေသည်။ခနလောက်ကြာတော့နှစ်ယောက်သားမိုးကာသားအနွေထူဆင်တူလေးကိုဝတ်ကာပြန်ဆင်းလာခဲ့ကြသည်။

"ပြီးပြီ"

"အွန်းအဲ့ဆိုသွားရအောင်"

အကုန်လုံးအဆင်သင့်ဖြစ်သည်နှင့် ရွာရဲ့မြောက်ဘက်ပိုင်းကစိုက်ခင်းဆီသို့အရင်ထွက်လာခဲ့သည်။အနည်းငယ်ကားမောင်းပြီးတော့အရွက်ဖားဖားကြီးတွေနဲ့အပင်ပုပုလေးတွေကိုအခင်းလိုက်ကြီးတွေ့ရသည့်နေရာသို့ရောက်လာခဲ့သည်။ထိုအပင်တွေဟာ ကားပေါ်ကကြည့်တော့ဘာပင်တွေမှန်းမသိသေးပေ။ မြင့်မြတ်ဟိန်းကထိုခြံရှေ့လမ်းတစ်နေရာမှာကားရပ်လိုက်သည်ကြောင့်သူမတို့အကုန်လုံးကားပေါ်ကဆင်းကြရသည်။

ထိုစိုက်ခင်းကြီးဟာ ကျယ်တာမှအတော်လေးကိုကျယ်သည်....ဧကတွေကလည်း‌ဘယ်လောက်တောင်ရှိလိုက်မလည်း.....

ခမ်းတို့ကားကိုမြင်သည်နှင့်ရှပ်အင်္ကျီအကွက်နဲ့အနီရောင်ပုဆိုးကိုတိုတိုဝတ်ထားကာခမောက်တစ်လုံးကိုစောင်းထားသည့်ဦးလေးကြီးတစ်ယောက်ဟာခမ်းတို့ဆီသို့ပြေးလာခဲ့လေသည်။ထိုခြံထဲကအလုပ်သမားတွေဟာလည်းလုပ်လက်စတွေကိုရပ်တန့်ကာ လီလီတို့အုပ်စုကိုရပ်ကြည့်နေကြလေသည်။လီလီကတော့တွေ့သမျှလူတွေကိုပြုံးပြနေရသည်ကပါးတောင်ညောင်းတော့မည်ပင်....အလုပ်သမားတွေလည်းများလှချည်ကော.....

"ဦးပွား စိုက်ခင်းအင်အားဘယ်လောက်ထိအဖတ်တင်လည်း"

ခမ်းကလူကြီး ကြီးနဲ့တူစွာ လုပ်ငန်းအကြောင်းကိုခပ်ပြတ်ပြတ်ပဲမေးလိုက်တော့ထိုလူကြီးဟာခေါင်းငုံ့အရိုအသေပေးပြီး

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now