Part-37 Uni/Zawgyi

8.6K 238 17
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-37

"စော်ဘွားလေး....ဗျို့စော်ဘွားလေး....ဗျို့စော်ဘွားလေး"

အပြင်ကနေအော်ခေါ်နေသည့်အသံဝဲဝဲနဲ့လူနှစ်ယောက်ကြောင့်သူမတို့အကုန်ထွက်ကြည့်ကြလေသည်။သူမတို့ထက်အရင်ဦးနှင့်နေသည်ကဦးရွှေဘဖြစ်တာမလို့ခမ်းဟာ ဦးရွှေဘကိုလှမ်းမေးလိုက်သည်။

"ဦးရွှေဘ ဘာတဲ့တုန်း"

ထိုတော့ဦးရွှေဘဟာခေါင်းငုံ့အရိုအသေပေးပြီး

"အော် သူကြီးအိမ်ကစော်ဘွားလေးတို့ကိုညနေစာဖိတ်ခိုင်းလိုက်လို့တဲ့....နောက်ပြီး ညကြရင်အိုးစည်ဝိုင်းလုပ်ကြမလို့တဲ့"

"အဟဲ ထမင်းစားဖိတ်ခိုင်းတာတဲ့"

"ဦးရွှေဘကျတော့်ဆီ ခေါ်လာခဲ့လိုက်"

"ဟုတ်ကဲ့စော်ဘွားလေး"

ထိုလူနှစ်ယောက်ကိုခမ်းကပြောလိုက်သည်နှင့်ဦးရွှေဘကအိမ်ထဲခေါ်လာခဲ့သည်။

"လာ ဒီမှာထိုင်ကြအုံး...ကျတော်တစ်ခုခုစီစဉ်ပေးမယ်"

"အာ နေနေ စော်ဘွားလေး ကျုပ်တို့အခုပြန်မှာ ယာထဲဆင်းရအုံးမှာမလို့...."

"အော် ဟုတ်ပြီ....လာရင်းကိစ္စကကော"

"စော်ဘွားလေးကိုသူကြီးကညနေစာလာဖိတ်ခိုင်းလိုက်လို့....သူ့အိမ်မှာထမင်းလာစားကြတဲ့....ဒီကအမလေးတို့ကိုကောပဲ"

"ဟီး မပူနဲ့မပူနဲ့သေချာပေါက်ကိုလာစားမယ်လို့ပြောလိုက်"

"ဟုတ် ဗျ"

ထိုလူတွေကလီလီတို့နဲ့စကားပြောတာကိုမနည်းယဉ်ကျေးအောင်ပြောနေကြတာမလို့ တစ်ချို့စကားတွေဆိုအဆီအလျော်မတည့်နေကြပေ....

"နောက်ပြီးမှာလိုက်သေးတယ်....ညခင်းကြရင် အိုးစည်ဝိုင်းရှိတယ်တဲ့....စော်ဘွားလေးကိုလည်းဓားသိုင်းနဲ့ဖျော်ဖြေပေးပါအုံးတဲ့"

"ဟုတ်ပါပြီဗျ....အဲ့ဆို ကျတော်တို့လာခဲ့ပါ့မယ်လို့ သူကြီးကိုဆတ်ဆတ်ပြောလိုက်ပါဗျ"

"ဟုတ်ဗျ....အဲ့ဆို ကျုပ်တို့ကိုခွင့်ပြုပါအုံးစော်ဘွားလေးဗျ....အကိုလေးတို့အမလေးတို့ကောခွင့်ပြုပါအုံး"

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now