💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-19
ဒီနေ့တော့ အိမ်မှာလီလီတစ်ယောက်ထဲ...ဖေဖေက မနက်ပိုင်းဂျုတီလည်းရှိသလိုနေ့ခင်းဘက်ကြတော့ အသိဆရာဝန်အတွက် နေရာအစားယူပေးထားတော့ တစ်နေကုန်ဆေးရုံမှာသာရှိသည်။ကိုကြီးကလည်းသူ့အလုပ်သူသွားသလို....လီလီ့မေမေက သူ့အမျိုးတွေရှိသည့်မန္တလေးဘက်ကိုသူ့မိသားစုကိစ္စကြောင့်ခနသွားခဲ့သည်။ကိုကြီးကသူနဲ့လိုက်ခဲ့ခိုင်းပေမယ့် ကိုကြီးဆိုင်လိုက်ရတာထက်အိမ်မှာမုန့်အစုံနဲ့TVကြည့်လိုက်ဖုန်းသုံးလိုက်လုပ်ရတာကိုပိုအရေးသာနေတော့ မလိုက်ဘူးငြင်းလိုက်သည်။အခုတော့ နေ့ခင်းဘက်ကြီးအိမ်မှာတစ်ယောက်ထဲကျန်ခဲ့သည့် လီလီဟာပျင်းခြောက်ခြောက်ကြီးဖြစ်လာခဲ့ရသည်။ခွန်ခမ်းကိုသတိရသွားတာမလို့ ခွန်ခမ်းတို့အိမ်ဘက်ကိုကူးလာရင်း လူအေးကြီးနဲ့စကားသွားပြောရသည်။
"လီလီ"
"အင်း ခမ်း"
ခမ်းရဲ့Laptopကိုမွှေနောက်နေရင်းမှ ခွန်ခမ်းကခေါ်လာတော့ ခွန်ခမ်းကိုကြည့်ကာပြန်ထူးမိသည်။ခွန်ခမ်းဟာ သူထိုင်နေသည့်ခုံကိုလီလီဘေးသို့ပိုကပ်အောင်တိုးလိုက်ပြီးစားပွဲပေါ်သို့လက်ထောက်ကာလီလီ့မျက်နှာလေးကိုအနီးကပ်ကြည့်လာတော့ လီလီဟာသူ့ရင်ခွင်ထဲရောက်သွားသလိုရှိသည်ကြောင့် ရင်ခုန်လှိုင်းလေးဖြတ်သန်းသွားရသည်။
"ဟဲ့ ပြောလေ...ခေါ်ပြီး ဘာမှလည်းမပြောဘူး"
"လက်ဖက်သုပ်ကျွေး"
"ဟမ်"
"လက်ဖက်သုပ်ကျွေးခိုင်းတာလေ...နင်သုပ်ကျွေးတာစားချင်လို့လေ"
"အခုလား"
"အင်းလေ...လက်ဖက်သုပ်ပြီးရင် အိမ်မှာတင်movie dateမယ်...ဟို နေ့က နင်ကြည့်ချင်တယ်ဆိုတဲ့ဇာတ်လမ်းလေးရှာထားတယ်"
"အဟဲ မဆိုးဘူး...အဲ့အကြံကောင်းတယ်...လက်ဖက်သုပ်လေးစားလိုက်ရုပ်ရှင်လေးကြည့်လိုက်ရေနွကြမ်းလေးပါထည့်....ဘယ်လောက်ကောင်းလိုက်သလဲ"
"အဲ့ဆို ထ သွားလုပ်ရအောင်"
"အွန်းးး"
ခွန်ခမ်းက လက်ကမ်းပေးလာတော့ ခွန်ခမ်းရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီးအိမ်အောက်ထပ်သို့ဆင်းလာခဲ့သည်။

YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024