💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-68(Extra-7)
"မိန်းမကိုယ့်ကိုပေး"
မိန်းမလို့ခေါ်ကာလီလီ့လက်ထဲကလက်ဂေ့ခ်ျကိုဆွဲယူပြီးခမ်းက အရှေ့ကသွားခဲ့တာမလို့လီလီဟာမျက်မှောင်ကုတ်ကာကြည့်လျက်ကျန်ခဲ့ရသည်...... မိန်းမ...မိန်းမနဲ့ ခေါ်နေရသည်ကို ခွန်ခမ်းတစ်ယောက်တော်တော် အာ တွေ့နေသည်ထင်.....တစ်မနက်လုံးခေါ်နေတာတစ်ခြားသူကြားရင် နားကြားတောင်ကပ်နေလောက်ပြီ.....
"မိန်းမ လာလေ"
ရပ်ပြီးကျန်ခဲ့သည့်လီလီ့ကိုလက်ဂေ့ခ်ျဆွဲလျက်ပြန်လှည့်ခေါ်တော့ လီလီဟာ မျက်မှောင်ကိုပိုလို့ကုတ်ပြစ်လိုက်ပြီးနှုတ်ခမ်းလေးကိုစူချိတ်ကာသူ့နောက်ကနေပြေးလိုက်ပြီး ခမ်းရဲ့လက်မောင်းကိုလက်သီးဆုတ်လေးနဲ့ထိုးပြစ်လိုက်သည်။
"အာ့ မိန်းမ နာတယ်"
"ဟော ကဲ ကိုရယ် မိန်းမ...မိန်းမနဲ့တစ်မနက်လုံးခေါ်နေတာ သူများမပြောနဲ့ သည်းငယ်တောင်အမြင်ကပ်လာပြီ"
"ဒါဆိုမင်းက ကိုယ့်မိန်းမ မဟုတ်လို့လား"
"အယ်....."
ခမ်းရဲ့အမေးကြောင့်လီလီ့မှာ ဘာပြန်ဖြေရမည်မသိစွာ ပြန်စကားကိုပြောဖို့အသည်းအသန်စဉ်းစားနေဟန်လေးဖြစ်သွားရသည်။ပြူးကြောင်ကြောင်လေးလုပ်နေသည့်လီလီ့ကို ခမ်းဟာရယ်လိုက်ပြီးသူမပုခုံးလေးကိုဖတ်လိုက်ကာသူပဲဆွဲခေါ်လာခဲ့လိုက်သည်။
"မိန်းမ"
"ဟင်"
တိတ်ဆိတ်စွာပါလာသည့်လီလီဟာ ခမ်းရဲ့အခေါ်ကိုအသိအမှတ်ပြုလိုက်သည်လားသူမဘာ့သာပင်မသိတော့အောင် ပြန်ထူးမိတော့ ခမ်းကထပ်ရယ်ပြန်သည်။
"အဟက်"
"ကို ဘယ်လိုဖြစ်နေတာလည်း.....တော်တော်အူမြူးနေတာလား"
လီလီက အမြင်ကပ်စရာကောင်းအောင်ရယ်နေသည့် ခမ်းကိုမျက်စောင်းလေးထိုးလျက်တံတောင်နဲ့တွက်ကာဆိုတော့ ခမ်းဟာ လီလီ့ပါးလေးကိုရှူးကနဲနမ်းပြစ်လိုက်သည်။
"ဟာ ကို သူများတွေမြင်ကုန်မယ်လေ"
"မြင်မြင်ကွာ.....ကိုယ့်မိန်းမကိုနမ်းတာ ဘာဖြစ်လည်း"

YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024