💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-16
ဒီနေ့က လီလီတို့ဆယ်တန်းအောင်စာရင်းထွက်သည့် နေ့မလို့ ပွဲခံကြမည်ပင်....All Dထွက်သည့်လီလီဟာရှမ်းပြည်တောင်ပိုင်းမှာပါTop-5ချိတ်သည်ကြောင့် သူမဖြစ်ချင်သည့်ဆရာဝန်မကြီးဖြစ်တော့မည်....ထို့နည်းတူAll Dနဲ့အောင်သည့်မိုးမြင့်မိုရ်ဟာလည်းဆရာဝန်ပဲလုပ်မည်ဖြစ်တာကြောင့် နှစ်ယောက်အတူဆေးလျှောက်ကြမည်ဆိုတာအသေအချာပေ....
နှစ်ဘာသာဂုဏ်ထူးနဲ့အောင်သည့်ခွန်ခမ်းနဲ့တစ်ဘာသာစီပါသည့်ဇော်ရှိုင်းခန့်နဲ့မြင့်မြတ်ဟိန်းတို့ကတော့ ဘာလျှောက်လို့လျှောက်ရမှန်းတောင်မသိကြသေးပေ...
"congratulation"
"congratulation အမတော်နှစ်ယောက်"
မြင့်မြတ်ဟိန်းရဲ့ချီးကျူးသံနဲ့အတူဇော်ရှိုင်းခန့်ကပါဂုဏ်ပြုသံထွက်လာပေမယ့် ခွန်ခမ်းက လီလီ့တို့ဝင်လာကတည်းကပြုံးပြီးကြည့်နေကာ ဘာမှမဆိုလာသည်ကြောင့် လီလီဟာ နှုတ်ခမ်းလေးကိုစူလိုက်ပြီး
"နင့်ကကော ငါတော်ကြောင်းချီးကျူးအုံးလေ"
"အဟက်"
သူမပုံလေးကိုအသဲယားသည်ကြောင့်တစ်ချက်ရယ်လိုက်ပြီးသူမခေါင်းလေးကိုအုပ်ကိုင်ကာ
"တော်တယ် ငါ့အသဲလေး"
"အယ် အမ်"
ငါ့အသဲလေးဆိုသည်ကြောင့်အကုန်လုံးက ကြောင်ကြည့်နေကြကာ လီလီက ခွန်ခမ်းအကြောင်းသိပြီးသားမလို့ခေါင်းညိမ့်ပြပြီးစကားလွှဲရသည်။
"မိုး ငါတို့ မုန့်သွားမှာရအောင်လေ"
"အင်း ကောင်းသား နင်တို့ဘာစားမှာလည်း"
ဇော်ရှိုင်းခန့်နဲ့မြင့်မြတ်ဟိန်းကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြိုင်တူရယ်လိုက်ပြီး
"ဒီနေ့ရဲ့ဒါကာလီလီဆိုတော့ ဒီဆိုင်မှာရှိသမျှအကုန်မှာစားမယ်"
"ဖြေးဖြေးပြောပါ အခုကတည်းကနင်နေမယ်ကောင်စုတ်တွေရဲ့....မသိဘူး နင်တို့ဘာ့သာကြိုက်တာမှာ...မိုးလာနင်နဲ့ငါစားဖို့သွားမှာမယ်"
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024