💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-33
ည7နာရီလောက်ကြတော့ လီလီတို့အိမ်မှာမိသားစုဆုံပြီဖြစ်လေသည်။သူမအခန်းတံခါးလေးကိုဖွင့်လိုက်ပြီး အပြင်ကိုချောင်းလိုက်တော့ မေမေက မီးဖိုထဲဝင်သွားခဲ့ပြီး ဖေကြီးက TVဇာတ်လမ်းတွဲကြည့်နေသည်။ကိုကြီးကလည်း Laptopတစ်လုံးနဲ့ စာရင်းတွေတွက်နေကာတစ်ဖက်ခုံမှာထိုင်နေတော့ လီလီဟာ မနက်ဖြန် သူမခရီးသွားဖို့အတွက် အိမ်ကလူတွေကိုပြောရန်အခန်းထဲကနေထွက်လာလိုက်သည်။လီလီ့ခြေသံကြားတော့ ဖေဖေဟာ လှည့်ကြည့်လာပြီး
"သမီးငယ် အိပ်နေတာဆို နေမကောင်းဘူးလား"
"ဟီး ဟုတ်ပါဘူးဖေကြီးရဲ့...မီးက ဒီအတိုင်းပျင်းလို့အိပ်နေတာ"
"အဟက် ဟုတ်ပါပြီကွာ....လာထိုင်လာသမီးငယ်"
ဖေကြီးကသူ့ဘေးသို့ထိုင်ဖို့ပုတ်ပြတော့ ကိုကြီးဟာ မျက်လုံးလှန်ကြည့်လာပြီး နှာခေါင်းရှုံ့ပြသည်ကြောင့် ကိုကြီးကိုလျှာထုပ်ပြောင်ပြလိုက်သည်။ပြီးမှဖေကြီးဘေးဝင်ထိုင်လိုက်ပြီး
"ဖေကြီး...မေမေကောဟင်....သမီးပြောစရာလေးရှိလို့"
"သမီးမေမေမီးဖိုထဲမှာပန်းသီးသွားခွဲတယ်....သမီးက ဘာပြောစရာရှိလို့လည်းပြောလေ....ဟီး မေမေလာမှပြောမယ်"
"ဖေဖေ့သမီး အဲ့ဒါမုန့်ဖိုးတောင်းမလို့....ကျတော်သိပြီးသား"
"အဟက် ဟုတ်လားသမီးငယ်"
"အဲ့ဒါလည်းပါတယ်...ပြီးတော့ နောက်ထပ်လည်းရှိသေးတယ်"
"အကိုရေ....ဖရဲသီးကောစားအုံးမလား"
"မေ့ ဖရဲသီးမီးစားမယ်"
မေမေက မီးဖိုထဲကနေလှမ်း ပြောလာသည်မလို့ အသံကျယ်ကြီးနဲ့လီလီကအော်ဖြေလိုက်သည်။ဖေကြီးက လီလီ့ခေါင်းကိုသဘောကျစွာရယ်ရင်းပွတ်သပ်ပေမယ့် ကိုကြီးကတော့ အာဗြဲမ ဆိုပြီးမခံချင်အောင်စလေသည်။
ခနလောက်နေတော့ မေမေဟာ ကိုကြီးအကြိုက်သရက်သီးမှည့်၊လီလီ့အကြိုက် ဖရဲသီး၊မေမေနဲ့ဖေဖေအတွက်က ပန်းသီးတွေကိုခွဲစိပ်လာသည့်ပန်းကန်ကိုယူလျက် ပြန်ဝင်လာခဲ့လေသည်။
![](https://img.wattpad.com/cover/362667439-288-k796474.jpg)
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024