Part-25 Uni/Zawgyi

11.2K 265 21
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-25

အသီးအရွက်အတူးတွေကိုကြည့်ပြီးတခစ်ခစ်နဲ့ရယ်နေသည့် ကောင်မလေးကိုကြည့်ကာထိုအတူးတွေကိုထားခဲ့လိုက်ပြီးသူမဘေးပြန်ထိုင်ကာသူမခန္ဓာကိုယ်လေးကိုသိုင်းဖတ်ထားလိုက်ပြန်သည်။

"အဲ့တူးကုန်တာတွေအရင်လုပ်လေ"

"နောက်မှလုပ်မယ်....မင်းပါးစပ်က "ချစ်တယ်" လို့ပြောတာလေးကြားချင်တယ်....အရင်ပြော"

"ငါဗိုက်ဆာတယ်လေ"

"ဗိုက်ဆာတယ်ဆိုချစ်တယ်လို့မြန်မြန်ပြောလေ...မင်းမြန်မြန်ပြောမှ ထပ်လုပ်ကျွေးမှာ"

"ဟွန့်"

နှုတ်ခမ်းလေးစူပြီးတစ်ဖက်သို့လှည့်သွားကာဘာမှမဖြေလာသည်မလို့ပိုလို့တိုးဖတ်လိုက်ပြီး သူမနားဆီသို့ကပ်ကာထပ်ပြောလိုက်သည်။

"ကိုယ်ကြားချင်တယ်လို့....မင်းဆီကအဲ့လိုစကားလေး ဘယ်လောက်တောင်မျှော်နေခဲ့ရလည်းသိလား"

"ငါကကော ဘယ်လောက်မျှော်နေခဲ့ရလည်းနင်သိလို့လား"

"ဟားးးးးး"

"ဟုတ်တယ် ဒီတစ်ခါပြန်လာလို့မှနင်မပြောရင် ငါကိုယ်တိုင်ပြောဖို့ဆုံးဖြတ်ထားပြီးသား"

"တကယ်ပြောတာပေါ့"

"တကယ်ပါဆို"

"အဲ့ဆို ချစ်တယ်လို့ပြော"

လီလီဟာသူ့ဘက်သို့ပြန်လှည့်လာပြီးအောက်နှုတ်ခမ်းလေးကိုဖိကိုက်ထားကာ လက်ညိုးလေးနဲ့သူ့မဘာ့သာသူမထိုးကာ" I"ဆိုပြီးပြောကာ လက်ညိုးလေးနှစ်ချောင်းနဲ့အသဲပုံလေးကိုလေထဲမှာဆွဲလိုက်သည်။ပြီးနောက်ပါးစပ်ကနေ"Love"ဆိုပြီး ပြောကာ ခွန်ခမ်းရင်ဘက်လေးကိုထိုးပြီး "you"ဆိုပြီးပြောလာခဲ့တော့ ခွန်ခမ်းဟာ အသဲယားစွာ သူမပါးအိအိလေးကိုဖိကပ်နမ်းပြစ်လိုက်လေသည်။

"ချစ်လိုက်တာကွာ.....ချစ်လိုက်တာ"

"ဟင့် နာတယ်လို့"

"sorry sorry ကိုယ်အသဲယားသွားလို့"

"ခမ်း"

"အင်း သည်းငယ်လေး"

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now