Part-34 Uni/Zawgyi

9K 251 6
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-34

နေ့လည်နှစ်နာရီလောက်ကြတော့လီလီတို့သာမိုင်းခမ်းကိုရောက်လာခဲ့ကြလေသည်။ကျောက်နွားတောင်မရောက်ခင်83/3နဲ့တည့်တည့် ဘယ်ဘက်မှာ ရှိတဲ့ လမ်း အတိုင်းမဝင်ခင် မိုးဦးစမှာပွင့်တဲ့မိုးကြိုပန်းခင်းကြီးကိုတွေ့သည်မလို့  ခမ်းဟာ သူ့အသည်းလေးပြောထားသည်ကိုသတိရသွားပြီး ကားကိုလမ်းဘေးထိုးရပ်လိုက်လေသည်။

"ရောက်ပြီလား"

လီလီဟာ ဖုန်းသုံးနေရင်းမှ ကားထိုးရပ်သွားတာကိုသတိထားမိလိုက်သည်မလို့မေးတော့ ခွန်ခမ်းရယ်ဇော်ရှိုင်းခန့်နဲ့မြင့်မြတ်ဟိန်းကကား ပေါ်ကဆင်းသွားသည်ကြောင့်လိုက်ကြည့်မိသည်။

"ဒေါက် ဒေါက် ဒေါက်"

တစ်ဖက်ကနေကားမှန်တံခါးကိုခေါက်သံကြောင့်ကားမှန်တံခါးကိုချပေးလိုက်တော့ ရေသောက်နေသည့်ခွန်ခမ်းဟာ သူမကိုတစ်ဖက်သို့လက်ညိုးထိုးပြလာလေသည်။

"အယ် ဟယ် မိုးကြိုပန်းတွေ.....မိုးမိုး မအိပ်နဲ့ထတော့...ထ ထ"

"ဟွန်း ဟွန်း ဘာလည်း"

မိုးမိုးကခနလေးကိုအိပ်ပျော်သွားတာမလို့ လီလီနှိုးလိုက်တော့အိပ်မှုန်စုံဝါးနဲ့ပြန်ထူးလာသည်။

"ထ ဟိုမှာမိုးကြိုပန်းတွေ...ဓာတ်ပုံသွားရိုက်မယ်ထ"

"အမ် အေးအေး"

"အယ် ကောင်မစုပ် ပြန်မအိပ်နဲ့လေ ထပါဆို"

လီလီကအတင်းဆွဲနှိုးကာကားတံခါးဖွင့်ပြီးမိုးမိုးကိုအတင်းဆွဲချတာမလို့ မိုးမိုးလည်း ထလိုက်လာရသည်။

"ဝါးးးးးဆွေ့ကျိုင်း(ထိုင်းလိုလှတယ်လို့ပြောတာပါ)"

လီလီကထုံးစံအတိုင်းသူမတတ်သလောက်ထိုင်းလိုပြောလာတော့ခွန်ခမ်းဟာ ပြုံးလိုက်မိပြီး သူမခေါင်းလေးကိုခပ်ဖွဖွပွတ်သပ်ကာပုခုံးလေးကိုဆွဲဖတ်ထားလိုက်သည်။

"ကို"

"ဟင်"

"သည်းငယ်ကိုဓာတ်ပုံရိုက်ပေး....လှလှလေးရိုက်ပေးနော်"

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now