💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-12
"ခွန်ခမ်း"
"ဟွန်းးး"
"တော်ပြီဟာ အဲ့ဖုန်းကြီးချတော့...စာကျက်တော့ဆို"
"ခနပဲ...ခနပဲ"
သူမကိုတစ်ချက်ကလေးတောင်ကြည့်မလာပဲဖုန်းထဲကဂိမ်းကိုအဆော့မပျက်ပြန်ပြောလာတော့လီလီ့မှာဒေါသလေး ပိစိလောက်ထွက်လာရကာ ခွန်ခမ်းလက်ထဲက ဖုန်းကိုဆွဲယူလိုက်သည်။
"ဟာ ဟေ့.....ဟာ ကွာ"
"ကျက်တော့အခုစာ....စာမေးပွဲကမနက်ဖြန်တစ်ပတ်ခါဆိုရောက်တော့မယ်...နင်ကအခုထိ ဂိမ်းဆော့လို့ကောင်းတုန်း"
"ဟားးးးစာမေးပွဲက တစ်လကြီးတောင်လိုသေးပါတယ်ကွာ"
"တစ်လကြီးတောင်ဟုတ်လား....ဆယ်တန်းစာမေးပွဲဆိုတာလည်းခေါင်းထဲထည့်အုံး...အရင်လို ဘယ်ဆရာမ မှအအောင်မပေးဘူး...ကိုယ်ကျက်မှ ကိုယ်ရမှာ...အခုစာကျက်တော့"
ခွန်ခမ်းဟာ ခေါင်းကဆံပင်တွေကိုထိုးဖွလိုက်ပြီးရှေ့နောက်ခါရမ်းလိုက်ကာသူမသဘောကျ chemistryစာအုပ်ထုတ်ကာစာတွက်ဖို့ပြင်လိုက်သည်။
"Def;တွေကောရပြီလား...အဲ့ဟာအရင်ကျက်"
"Def;မကျက်လို့ဘာမှမဖြစ်ပါဘူးဟာ...8ပုဒ်ပဲပါမှာ မကျက်တော့ဘူး"
"အာ ဒီကောင်စုတ်ကတော့....ပုစ္ဆာတွက်တွေမှာလည်းထည့်မေးလာမှာကြီးကို"
"ရတယ်အေးဆေး"
"ဟူးးးးးမောတယ်ဟယ်....နင့်ကိုစာကျက်ဖို့ပြောရတာလောက်အာပေါက်တာမရှိဘူး"
အခုနောက်ပိုင်းဆို စာမေးပွဲနီးလာတာနဲ့အမျှ လီလီတို့ကျောင်းကိုမသွားကြတော့....စာတွေကလည်းအကုန်ပြတ်ပြီးအကုန်လုံးနီးပါးကရနေပြီဖြစ်တာကြောင့်အိမ်မှာပဲကျက်ဖြစ်သည်။ကျူရှင်တောင်မနက်တစ်ချိန်ပဲသွားပြီး....ကျန်တဲ့အချိန်တွေကအိမ်မှာပဲလုပ်သည်။သူမတို့ကအဆောင်နေကျောင်းသူတွေမဟုတ်တာကလည်းတစ်ကြောင်းဆိုတော့ ကျူရှင်မယူတော့ရင်တောင်ရသည်။
"ခမ်းရယ် ငါ့သူငယ်ချင်းရာလိမ္မာပါတယ်...နင်ကျက်ရင်ခနနဲ့ရမှာ ကျက်လိုက်ပါနော်....ငါကနင့်ကိုအမှတ်တွေအများကြီးနဲ့အောင်စေချင်တာလို့"
![](https://img.wattpad.com/cover/362667439-288-k796474.jpg)
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024