💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-15
မှန်တင်ခုံမှာမြင်နေရသည့်သူမမျက်နှာလေးဟာ အိပ်ယာဝင်ခါနီးဖြစ်တာကြောင့်ဘာမှလိမ်းခြယ်မထားပဲကြည်လင် ပြောင်ရှင်းနေကာ သူမရဲ့အလှတရားတစ်ခုဖြစ်နေပြန်သည်။သူမရဲ့ပါးလေးကိုကိုင်ကြည့်ရင်း နေ့လည်က ခမ်းနမ်းသွားသည်သာမျက်လုံးထဲပြန်မြင်လာပြီး လက်နှစ်ဖက်ကိုမျက်နှာမှာအုပ်ကာ တွေးလေ ရှက်လေဖြစ်နေရသည်။
"ခမ်းကလူဆိုးကြီး ဟီး"
သူမဘာသာသဘောတကျပြောရင်းပြုံးလိုက်ကာအောက်နှုတ်ခမ်းလေးကိုဖိကိုက်ပြစ်လိုက်သည်။ထိုအကြောင်းတွေးလိုက်ရင်း ခုန်လာသည့် ရသ်ဘက်ကိုဖိအုပ်ကိုင်လိုက်ကာ
"ဟားးးးဒါကြီးက ဘယ်လိုခံစားချက်ကြီးတုန်း"
"ဟူးးးးးးး"
လေပူတွေကိုခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်ပြီး ခမ်းရဲ့အကြောင်းမတွေးမိအောင်ခေါင်းကိုခါရမ်းလိုက်ကာအိပ်ယာပေါ်သို့တက်လိုက်သည်။ရင်ဘက်အထိစောင်ကိုဆွဲခြုံလိုက်ပြီးပူထူကာ ရဲနေသည့် သူမမျက်နှာလေးကိုလက်နှစ်ဖက်နဲ့အုပ်ကိုင်လိုက်သည်။ဒီလိုအချိန်ထိ ရှမ်းပြည်ရဲ့နွေရာသီဟာအေးတုန်းဖြစ်သည်ကြောင့်အေးစက်နေသည့်လက်ကလေးဟာ ပါးကအပူချိန်ကြောင့်နွေးထွေးသွားရသည်။
"တောင်"
ခေါင်းရင်းထက်မှာတင်ထားသည့်ဖုန်းကနေ"တောင်"ကနဲ မြည်လာသည်ကြောင့် ထိုဖုန်းကိုယူကြည့်လိုက်သည်။ခန္ဓာကိုယ်ကိုမှောက်ခုံအနေအထားပြောင်းလိုက်ပြီး ဝင်လာသည့်မက်ဆေ့ခ်ျကိုဖတ်လိုက်တော့ ခမ်းဆီကမက်ဆေ့ခ်ျလေးဖြစ်နေသည်။
ခမ်း💬အိပ်နေပြီလား
ဘွားတော်သူငယ်💬အင်း အိပ်တော့မလို့
ခွန်ခမ်းရဲ့ဘွားတော်သူငယ်ဆိုသည့်nicknameကြီးဟာ ဘယ်လိုပြောပြောအဲ့အတိုင်းသာထားသည်။လီလီစိတ်ဆိုးရင်တောင် ထိုnameကြီးကိုမပြောင်းပေးသည်ကြောင့် လီလီသာအလျော့ပေးထားရသည်။ဒါပေမယ့်လည်း အဲ့nicknameလေးကိုလီလီကြိုက်ပါသည်။
ခမ်း💬Vcပြောရအောင်
ဘွားတော်သူငယ်💬အခုလား
![](https://img.wattpad.com/cover/362667439-288-k796474.jpg)
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024