💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-57
အချိန်တွေဟာတစ်ရွေ့ရွေ့နဲ့ကုန်ဆုံးလာနေသလိုထိုအချိန်ရဲ့လည်ပတ်ကာကုန်ဆုံးနေသည့်စက္ကန့်တိုင်းမှာတော့ ကို ဆိုတာလေးက သူမနှလုံးသားထဲမှာအမြဲနေရာယူအမြစ်တွယ်နေပြီးသားပါ.....အချိန်တွေလည်ပတ်နေသရွေ့ သူမရဲ့အချစ်တွေကလည်း အမြဲတိုးနေလိမ့်မည်....သူမအပေါ်မှာအမြဲအလိုလိုက်လွန်းလှသည့်ကိုဟာ တကယ့်ကိုပြိုင်စံရှားပင်ဖြစ်လိမ့်မည်....ဒါကြောင့်လည်း သူမကဒီကိုလူချောကြီးအပေါ်မှာ ပိုပိုပြီးတော့ကိုချစ်လာရသည်သာဖြစ်သည်....
သူမတို့ရဲ့တစ်ယောက်အပေါ်ထားတဲ့သစ္စာတရားတွေ၊ယုံကြည်မှုတွေ၊နားလည်မှုတွေ၊မေတ္တာတရားတွေက ထူးကဲတာမလို့ အမြဲတမ်းချိုချိုမြိန်မြန်လေးနဲ့ အချစ်စစ်တွေသာဖြစ်ကြောင်းတစ်ရက်ထက်တစ်ရက်ပိုပိုသိလာခဲ့ရသည်။တစ်နေ့တစ်ခါတော့ အသံလေးကြားရမှမျက်နှာလေးမြင်လိုက်ရမှဆိုပြီး ပိုမှုတစ်သိန်းတွေအထိကိုပင်.....
wallpaperမှာတင်ထားသည့်သူမတို့နှစ်ယောက်ပုံလေးကိုစိုက်ကြည့်နေရင်း လီလီ့မှာအတွေးတွေပျံ့နေသည်ကမိုးမိုးနဲ့ဝင့်ကခေါ်နေသည်ကိုတောင်မကြားနေတာအမှန်ပင်ဖြစ်လေသည်။
"လီလီ ဟဲ့ လီလီ.....အယ် ဟေးးးးမိလီလီ"
"ဟမ် ဟင် ဟင်"
အသံအနည်းငယ်မြင့်ကာအော်လိုက်မှ သူမအတွေးတွေဟာပျက်ပြယ်သွားရပြီးလန့်သွားသည့်မျက်နှာထားလေးနဲ့ပြန်ထူးလာခဲ့လေသည်။
"အမလေး အမတော် ဘယ်တွေများစိတ်ရောက်နေတာလည်း....ငါတို့ပြောတာတွေကောကြားရဲ့လား"
"ဟဲ ဟဲ ငါမကြားလိုက်ဘူး"
လီလီက ပုခုံးလေးတွန့်ကာ လျှာလေးထုတ်ပြီးဆိုလာတော့ မိုးမိုးဟာနှုတ်ခမ်းလေးကိုမဲ့လိုက်ပြီး
"နင့် လင်တော်မောင်အကြောင်းစိတ်ထဲရောက်နေတာမလား....တကယ်ပဲ မပြောလိုက်ချင်ဘူး"
"အာ မဟုတ်ပါဘူး ဒီအတိုင်း ဟိုတွေးဒီတွေးပါ နင်ကလည်း"
"ဝင့်တို့ကတော့မယုံပေါင်....ဟုတ်တယ်မလား မိုး"

YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024