Part-55 Uni/Zawgyi

9K 295 37
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-55

"ကိုခမ်း တစ်ယောက်ထဲလား"

လီလီက အတွင်းခံအင်္ကျီဝယ်နေတာမလို့ခမ်းဟာဆိုင်အပြင်ကနေစောင့်နေတုန်း ဟိုးငယ်ငယ်ကတည်း ကခမ်းကိုလိုက်ပိုးနေသည့်ကေသွယ်ထက်ဟာ လာနှုတ်ဆတ်လေသည်။

"အော် ထက်ပဲ....တစ်ယောက်ထဲတော့မဟုတ်ဘူး ကိုယ့်ကောင်မလေးပါတယ်"

"အမယွန်းအဉ္ဇလီလား"

ခမ်းက နောက်ကျောဘက်ကဆိုင်ထဲကိုလက်ညိုးညွှန်ပြ‌တော့ထိုကောင်မလေးလေးဟာခမ်းကိုကျော်ကာဆိုင်ထဲကိုကြည့်လိုက်ပြီးမေးလေသည်။

"အွန်း"

ဆိုင်ထဲကနေလီလီဟာ ခမ်းနဲ့စကားရပ်ပြောနေသည့်ကောင်မလေးကိုမြင်လိုက်တာမလို့ထိုကောင်မလေးကိုသေချာကြည့်လိုက်လေသည်။

"ဟမ် ကေသွယ်ထက်ကြီးမလား"

ထိုကောင်မလေးမျက်နှာကိုသေချာမြင်လိုက်တော့ နှုတ်ခမ်းလေးဟာချက်ချင်းစူပြီး လက်ထဲမှာကိုင်ထားသည့်braအပန်းရောင်လေးကိုလည်းမချတော့ပဲ ဆိုင်ပြင်သို့အမြန်ထွက်လာလိုက်သည်။

"ကို...."

"အာ ပြီးပြီလား သည်းငယ်"

စောင့်အောင့်ခေါ်လိုက်တော့ခမ်းဟာလှည့်ကြည့်လာပြီးမေးသည်ကိုအရေးမစိုက်အား ခမ်းရဲ့လက်ကိုတွယ်ချိတ်လိုက်ပြီး

"မပြီးသေးဘူးကိုရဲ့ ဘယ်အရောင်ယူရမှန်းမသိလို့ သည်းငယ်ကိုအရောင်လိုက်ရွေးပေး"

"ဟိုက်"

လီလီဟာအခုနကကြတော့ ရှက်လို့ဆိုပြီးခမ်းကိုအပြင်မှာအတင်းနေခဲ့ခိုင်းကာအခုကြတော့ အတင်းပြန်စွဲနေတာမလို့ ခမ်းဟာ လည်တိုင်ထက်ကလည်စလုတ်လေးလှုပ်ရှားသွားသည်အထိခြောက်ကပ်ကပ်တံတွေးကိုမြိုချလိုက်ပြီး

"ဒါတွေကိုလိုက်ရွေးပေးရမှာလား"

လီလီလက်ထဲကbraပန်းရောင်လေးကိုလက်ညိုးထိုးပြကာမေးလိုက်တော့ လီလီဟာ ပါးချိုင့်လေးခွက်ဝင်သွားသည်အထိပြုံးပြလိုက်ပြီး

"အွန်းလေ ကိုရဲ့ အရင်ဆိုလည်း ကိုရွေးပေးနေကြပဲဟာကို"

ကေသွယ်ထက်ကို လီလီဟာကလေးဆန်ဆန်မျက်စောင်းချီပြီးပြောနေတာမလို့ ကေသွယ်ထက်ဟာလီလီကိုရယ်မိသည်..

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now