💜Loon's Note💜

5.4K 170 14
                                    

💜Loon's Note💜

လွန်းဒီနေ့မြို့တစ်ခုကိုရောက်ခဲ့တယ်....
အဲ့မြို့ကိုမရောက်ခင်အဝေးကနေလှမ်းကြည့်လိုက်မိတယ်....
စိမ်းစိုပြီးညို့မှိုင်းနေတဲ့တောင်ကြီးပေါ်မှာ မြို့လေးတစ်ခုတည်ထားတာပါလား....
ထိုမြို့လေးကတော့တောင်ကြီးမြို့လေးပေါ့ရှင်.....
မိုးဖွဲလေးတွေဟာလည်းတစ်ဖွဲဖွဲကျဆင်းနေတာမလို့ထိုတောင်ကြီးဟာ အေးမြပြီးတကယ်ကိုလန်းဆန်းစေမိတယ်.....
မကြာပါဘူးထိုတောင်ပေါ်ကိုရောက်တဲ့အချိန်ကြတော့လွန်းတို့ကားလေးဟာ စဝ်စံထွန်းဆိုတဲ့ဆေးရုံကြီးရှေ့ကနေဖြတ်သွားလိုက်တယ်အမှတ်တမဲ့ပါပဲ လွန်းလှမ်းကြည့်မိလိုက်တယ် သေးသေးကွေးကွေးလေးနဲ့ပါးချိုင့်လေးခွက်နေအောင်ရယ်နေမယ့် လီလီလေးများရှိနေမလားလို့ပေါ့.....နှလုံးသားထဲကနေပုံဖော်ပြီးသူမလေးကိုတာ့တာပြခဲ့လိုက်တယ်....
လွန်းနှုတ်ခမ်းကနေပြုံးမိသွားတယ် ငါဒီလောက်ထိတောင်စွဲလန်းနေမိပါလားပေါ့.....
ဟောမကြာဘူး ကားshowroomရှေ့ရောက်ရောထိုနေရာမှာခနဆင်းကြတာမလို့ ထိုကားshowroomထဲကိုပဲလွန်းကြည့်နေမိတယ် အရမ်းကိုချစ်တတ်ပြီးသူ့သည်းငယ်လေးသာတစ်ကမ္ဘာတည်တတ်တဲ့ ခမ်းများရှိနေမလားပေါ့.....
မာမီကမေးတယ် သမီးဘာတွေကြည့်ပြီးပြုံးနေတာလည်းတဲ့လွန်းခေါင်းလေးပဲရမ်းပြလိုက်တယ်....
တကယ်တွေးမိနေတာလေးကလွန်းဖန်တီးမိခဲ့တဲ့ဇာတ်ကောင်လေးတွေအကြောင်းပေါ့.....
ပါပါးရဲ့အလုပ်ကိစ္စပြီးတော့နေ့လည်စာစားချိန်မှာလွန်းရွေးလိုက်တဲ့ဆိုင်လေးက ဈေးတွင်းက ခမ်းနဲ့လီလီသွားစားနေကြ ဒေါ်ကြီး(နာမည်လွှဲ)ထမင်းဆိုင်လေးပေါ့....
လီလီသိပ်ကြိုက်တဲ့ဟင်းထုပ်ရယ်၊ခမ်းသိပ်ကြိုက်တဲ့တို့ဟူးနွေးရယ်တို့ဟူးနှစ်ပြန်ကြော်ရယ်ကိုမှာလိုက်တယ်....
စားပွဲအလွတ်လေးကိုကြည့်မိရင်းထိုနေရာမှာ အတူထိုင်နေကြတဲ့ခမ်းနဲ့လီလီကိုပုံဖော်ကြည့်ပြစ်လိုက်တယ်လေ....
နေ့လည်စာစားပြီးတော့Oceanမှာလိုတာဝယ်ဖို့အတွက်ထိုနေရာကိုမာမီနဲ့အတူနှစ်ယောက်ထဲလမ်းလျှောက်လာခဲ့ကြတယ်.....
လွန်းဘေးကနေclickဆိုင်ကယ်ဘီးလေးနဲ့အတွဲတစ်တွဲထင်ပါရဲ့ဖြတ်သွားခဲ့တယ် လွန်းထိုအတွဲလေးကိုလိုက်ကြည့်မိပြန်တယ် အနောက်ကကောင်မလေးကမိုးဖွဲလေးတွေကိုလက်လေးနဲ့ခံယူရင်းပြုံးပျော်နေတာမလို့ ချက်ချင်းပဲလီလီလေးကိုသတိရသွားရပြန်တယ်....
ထိုတောင်ကြီးမြို့ကိုရောက်ခဲ့တဲ့အချိန်တိုင်း လွန်းသတိရနေမိတော့မှာကတော့ ခမ်းနဲ့လီလီသာဖြစ်လိမ့်မယ်....
သူတို့နှစ်ယောက်ဟာအပြင်မှာတကယ်မရှိပေမယ့် သူတို့သွားလာလှုပ်ရှားခဲ့တဲ့နေရာလေးတွေကတော့တကယ်ရှိနေပါတယ်.....အလုပ်တွေအားလုံးပြီးတော့ပြန်လာခဲ့ကြပြီပထမလာခဲ့တုန်းကလိုပေါ့တောင်အဆင်းကျော်လာတော့လည်ပြန်ကြည့်မိပြန်တယ်....ထိုမြို့လေးကိုကျောခိုင်းလိုက်ရပြီလေ....ထိုအချိန်မှာတကယ်ကိုဝမ်းနည်းစိတ်ဝင်ခဲ့တယ်ငါ့ရဲ့ကလေးလေးတွေကိုလည်းဖန်တီးဖို့ရက်ကသိပ်မကျန်တော့ပါလားပေါ့.....
လွန်းရေးတဲ့ဒီချိုမြိန်မှုနဲ့အချစ်စစ်ဆိုတဲ့ ficလေးကိုဖတ်ပြီးသူတိုင်းတောင်ကြီးရောက်တဲ့တစ်ချိန်ကြရင် လွန်းတွေးသလိုလေးတွေးမိသွားမယ်ဆိုရင်ကိုတကယ်ရေးရကျိုးနပ်ခဲ့ပါတယ်.....မကြာမီမှာခွဲခွာရတော့မှာဖြစ်လို့ရင်ဘက်ထဲမှာဒီဇာတ်ကောင်လေးတွေကိုသိမ်းထားပေးကြမယ်လို့မျှော်လင့်နေပါတယ်.....
ပြီး‌တော့လေ သာမိုင်းခမ်းဆိုတဲ့ရွာလေးဟာ အပြင်မှာတကယ်ကိုရှိပါတယ်နော်....ဟိုးတစ်ချိန်ကတော့ သာယာပျော်ရွှင်ဖွယ်ရာမြို့ကြီးတစ်မြို့ပေါ့....အခုတော့ရှေးဟောင်းရွာလေးတစ်ရွာသာဖြစ်သွားခဲ့ပြီလေ....

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now