Part-46 Uni/Zawgyi

7.6K 283 49
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-46

"ဖိုးဖိုးကြီးရှင့် အသက်ကိုပုံမှန်လေးရှူပေးပါနော်"

လီလီဟာ အသက်70လောက်ရှိမည့်အဖိုးတစ်ယောက်ရဲ့ရင်ဘက်ပေါ်ကိုနားကြပ်လေးနဲ့ထောက်ကာ အသံချိုချိုလေးနဲ့တယုတယလေးပြုံးလျက်ပြောလာတော့ ထိုအဖိုးဟာ လီလီရဲ့ညွှန်ကြားချက်အတိုင်း အသက်ကိုပုံမှန်လေးရှူရှိုက်ပြသည်။

နှလုံးခုံသံတွေဟာပုံမှန်ပဲမလို့ နားကြပ်ထောက်ထားရာမှဖယ်လိုက်ကာနားကြပ်လေးကိုသူမလည်ပင်းမှာသိုင်းတင်ထားလိုက်သည်။ပြီးနောက်သွေးပေါင်ချိန်စက်ကလေးနဲ့လည်း လက်မောင်ကို သွေးပေါင်အတက်အကျတိုင်းကြည့်သည်။

"ဝါးဖိုးဖိုးက တကယ့်ကို ကျန်းမာရေးအရမ်းကောင်းတာပဲ....ကျန်းမာရေးကောင်းတယ်ဆိုတာ ဘုရားပေးတဲ့ဆုလာဘ်တစ်ခုပဲ သိလားဖိုးဖိုး"

"အဖိုးမှာ ဘာရောဂါမှမရှိဘူးပေါ့နော် ‌ဆရာမလေး"

"ဒါပေါ့ ရှင် ဒေါင်ဒေါင်မြည်ပဲ"

လက်မလေးထောင်ပြကာ ချစ်စရာကောင်းအောင်ပြောနေတော့ ထိုအဖိုးက လီလီ့ကိုဆုမွန်ကောင်းတွေခြွေပေးပြန်သည်။

ဒီသရက်ပုကျေးရွာလေးကိုလုပ်အားပေးလာရတာဒီနေ့ဆိုသုံးရက်မြောက်နေ့ရှိပြီဖြစ်သည်။အတော်လေးလည်းပျော်ဖို့ကောင်းသလိုကြည်နူးဖို့လည်းကောင်းသည်.....ထိုရွာလေးမှာရှိသည့်တိုင်းရင်းသားတွေဟာ တကယ်ကိုစိတ်ထားလှကြသည်....ကလေးကအစလူကြီးအဆုံးလီလီတို့ကို ရိုရိုသေသေကိုရှိကြသည်.....တိုင်းရင်းသားတွေရဲ့ရိုးသားပုံကတော့ တကယ်ကိုဟန်ဆောင်မှုကင်းလှသည်.....

"ဟေး လီလီ နင့်အပိုင်းပြီးပြီလား"

မိုးမိုးနဲ့ဝင့်ဟာ သူမတို့ရဲ့ဆေးပုံးလေးတွေဆွဲပြီးလီလီရှိနေသည့် တဲအိမ်လေးထဲကိုဝင်လာကာမေးတော့ လီလီဟာ ခေါင်းရမ်းပြပြီး

"ဆယ်ယောက်လောက်ကျန်သေးတယ်.....နင်တို့ကပြီးပြီလား"

"အွန်း ပြီးပြီ.....ဆရာဝန်ကြီးကနေ့လည်စာစားကြရအောင်တဲ့ နင်မလာသေးလို့လာခေါ်တာ"

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now