Part-1 Uni/Zawgyi

60.6K 587 34
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-1

"ဒေါက် ဒေါက် ဒေါက်"

"ပေါက်စ....လီလီ....ညီမလေး မနိုးသေးဘူးလားဟ"

တံခါးကိုတစ်ဒေါက်ဒေါက်နဲ့ခေါက်ကာသူမကိုနာမည်မျိုးစုံပေးပြီးခေါ်နေသည့်ကိုကြီးကြောင့် လီလီဟာခေါင်းအုံးကြားထဲသူမခေါင်းကိုဝှက်လိုက်ကာဝယားမှောက်အိပ်နေပြန်သည်။

"ဟ နာရီကြည့်တော့အငယ်မရ...နင်ကျောင်းသွားချိန်နီးနေပြီနော်"

တက္ကသိုလ်ကျောင်းသားကြီး ကိုကြီးစွမ်းပြည့်နောင်ဟာကျောင်းသွားဖို့အဆင်သင့်ဖြစ်နေပေမယ့် လီလီ့လိုကိုးတန်းကျောင်းသူကတော့အခုထိအိပ်ပုတ်ဆဲ....ကိုကြီးပြောမှ ခေါင်းရင်းကနာရီကိုတစ်ချက်မော့ကြည့်လိုက်သည်။

"ဗုဒ္ဓော...ရှစ်နာရီထိုးနေပြီပဲ"

"လီလီ မေမေလာနိုးရင် နင်ရိုက်ခံရလိမ့်မယ်နော်"

"သမီးထပြီလို့ပြောလိုက်ကိုကြီး...ထပြီလို့"

တံခါးကိုဆွဲဖွင့်လာပြီးအိပ်ချင်းမူးတူးရုပ်နဲ့သူ့ကိုတိုးတိုက်ကာနောက်ဖေးပေါက်က ရေကန်ဆီသို့ မျက်နှာသစ်ဖို့ပြေးသွားခဲ့သည်။တစ်ထပ်တိုက်ပုလေးသာဖြစ်သည်သူတို့အိမ်ဟာ မိသားစုလေးယောက်အတွက်တော့အတော်လေးကျယ်ပါသည်။မေမေ‌နဲ့ဖေဖေရဲ့အိပ်ခန်းထဲကထွက်ရင်TVကြီးနဲ့sofaခုံတွေနဲ့တင့်တယ်နေသည့်ဧည့်ခန်းရှိသည်။ဧည့်ခန်းရဲ့တစ်ဖက်အကန့်ဘေးမှာတော့ ဘုရားခန်းထားရှိသည်။အဲ့ဘုရားခန်းကနေတစ်ခြမ်းစောင်းလေးမှာတော့သူ့အခန်းရှိပေမယ့်မျက်နှာချင်းဆိုင်အခန်းကသူ့ညီမလေးယွန်းအဉ္ဇလီရဲ့အခန်းဖြစ်သည်။အနောက်ဘေးဘက်မှာတော့မီးဖိုချောင်က အုပ်ကာအဖီလေးထုတ်ထားသည်။ခွဲစိတ်ဆရာဝန်ကြီးဖြစ်သည့်ဖေဖေဦးရိုးရာနောင်တာဝန်ကျသည့်နေရာကိုလိုက်ရင်းတောင်ကြီးမှာတော့အခြေကျနေသည်ကြောင့်ဒီခြံဝန်း လေးကိုဖေဖေကဝယ်ခဲ့ပြီးအတည်တကျတောင်ဖြစ်နေပြီ...

"ဟေး မိလီလီတို့ကတော့လုပ်ပြီ...ဒေါ်ပြာရာချော်ချက်လှဲနေမှဖြင့်"

မေမေကလှမ်းအော်နေပေမယ့် လီလီကတော့ဂရုမစိုက်အား ကျောင်း‌နောက်မကျဖို့သာအဓိကလုပ်နေရသည်။

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now