Part-26 Uni/Zawgyi

10.5K 294 22
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-26

"အငယ်မ ဒါဘယ်လည်း"

"ဟင် အပြင်သွားမလို့လေ....ဘာလို့လည်း"

ဆိုင်သွား တော့မည်ဖြစ်သည့်ကိုကြီးဟာ အလှတွေပြင်ပြီးသူမပါအပြင်လိုက်ထွက်တော့မျက်မှောင်ကြီးကုတ်ကာမေးလာခဲ့သည်။လီလီကပါးချိုင့်လေးခွက်ဝင်သည်အထိပြုံးပြကာမျက်လုံးလေးကိုပေကလက် ပေကလက်လုပ်လျက်ပြန်ပြောလိုက်သည်။

"စောစောစီးစီးဘယ်အပြင်သွားမှာတုန်း"

"ဘယ်ကသာ စောစီးရမှာလည်း နာရီလည်းကြည့်ပါအုံး ကိုးနာရီထိုးနေပြီ..."

"နင့်ကိုဘယ်သွားမှာလည်းမေးနေတာ"

လီလီသွားမည်က ခွန်ခမ်းဆီဖြစ်သည်မလို့ကိုကြီးစကားမှာ အကြပ်ရိုက်ရသည်။ခွန်ခမ်းဆီသွားမလို့လို့ပြောသည်က အရင်ကသာကောင်းပေမယ့် အခုကြတော့ ပြောဖို့မရဲနေ....ကိုကြီးဖြစ်နေတော့ပိုဆိုးသည်....ကိုကြီးက သူမကိုဘယ်လောက်ချစ်သလဲ သူမသိသည်....အကိုတွေဟာသူတို့သာလုပ်ချင်ရာလုပ်မယ် ညီမတွေရည်းစားထားရင်တော့မကြိုက်ကြတာသဘာဝပဲလေ....

မျက်နှာပျက်ကာတောင်စဉ်းစားမြောက်စဉ်းစားလုပ်နေတော့ ကိုကြီးဟာ လီလီ့ကိုမကြည်တော့...မနေ့ညကတည်းက ခွန်ခမ်းနဲ့အတူပြန်လာသည်ကိုပြောချင်နေတာ...ဒီကလေးမလစ်ထွက်သွားလို့သာမပြောပဲနေလိုက်ရတာ....

"ငါမေးနေတယ်လေ ဘယ်သွားမှာလည်းလို့"

"ဟို ဟို အာ......မိုးဆီသွားမှာ ကိုကြီးရဲ့....ပြီးရင် မမှူးဆီက အထည်တွေသွားယူမှာ"

"နင်ဟိုနေ့ကဝယ်လာတယ်မဟုတ်ဘူးလား"

"အခုက အသစ် ကိုကြီးရဲ့....မမှူးကပြောတယ်ဒီနေ့အသစ်ရောက်မယ်တဲ့အဲ့ဒါကြောင့် အဲ့ဒါကြောင့် ဟဲ ဟဲ"

"အေးမြန်မြန်သွားမြန်မြန်ပြန်လာနော်....ငါမှူးကိုလည်းဖုန်းဆက်မေးမှာ"

"မမှူးကိုဖုန်းဆက်မေးတာကရတယ်"

"ဘာကမရတာတုန်း"

"ဟီးးးးအမြန်ပြန်လာလို့တော့မရဘူး....မမှူးဆီကပြန်ရင်အင်္ကျီအပ်ဖို့စက်ချုပ်ဆိုင်ဝင်ရအုံးမှာ...အဲ့တော့အချိန်ကကြာမှာ....ညနေလောက်မှပြန်ရောက်မှာ"

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now