💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-69(Extra-8)
"ကိုရေ မြန်မြန်လာလို့"
"လာပါပြီ သည်းငယ်ရဲ့ သည်းငယ်အတွက် မာဖလာလေးသွားယူနေလို့ပါ"
ခမ်းဟာ ပြောပြောဆိုဆိုပဲ လက်ထဲမှာမာဖလာရယ်ရင်ဘက်မှာသိုင်းလွယ်မည့်အိတ်ကိုကိုင်ကာထွက်လာပြီးလီလီ့ကိုပြန်ဖြေသည်။ပြီးနောက်လီလီ့ရဲ့လည်ပင်းမှာ မာဖလာအပန်းရောင်လေးကိုသိုင်းပတ်ပေးတော့ မိုးမိုးတို့လေးယောက် က နှုတ်ခမ်းမဲ့ကာ ပိုရန်ကောဆိုသည့်ပုံလုပ်ကြလေသည်။
"ကဲ ကဲ ပြီးပြီးမလား မမဗိုက် သွားရအောင်.....အပြင်မှာအတော်လေးတောင်မှောင်နေပြီ"
"အွန်း အွန်း သွားမယ်လာ.....အွန့် ကို ဖုန်းသိမ်းပေးအုံး"
လီလီကခေါင်းလေးတစ်ဆတ်ဆတ်ညိမ့်ပြပြီးသူမလက်ထဲကဖုန်းကို ခမ်းကိုလှည့်ပေးကာ မိုးမိုးနဲ့ဝင့်ရဲ့လက်ကိုတစ်ဖက်တစ်ချက်စီချိတ်ကာအရှေ့ကနေလျှောက်လာခဲ့ကြသည်။
တန်ဆောင်တိုင်ပွဲကမြန်မာနိုင်ငံမှာနာမည်ကြီးထဲကတစ်ခုဖြစ်သည်ကြောင့်တန်ဆောင်မုန်းလဆိုရင်တောင်ကြီးမှာ ခရီးသွားဧည့်သည်တွေတအားပေါသည်.....လူတွေကလည်းတန်ဆောင်တိုင်ဝင်းထဲမှာအပြည့်ဖြစ်သည် .....ည8နာရီလောက်မှလာသည့်သူဆိုရင်ခြေချစရာနေရာတောင်ရှိမည်မဟုတ်.....
ပွဲနဲ့သူမတို့နေရာနဲ့ကတအားလည်းမဝေးတာကြောင့် ခြောက်ယောက်လုံးခြေလျင်သာ လျှောက်လာဖြစ်ကြသည်......
"အယ် ဗိုက်ကလှုပ်နေတယ်"
လမ်းလျှောက်နေရင်းမှလီလီကသူမဗိုက်လေးကိုကိုင်ကာထိုသို့ပြောတော့ မိုးမိုးနဲ့ဝင့်ကပါသူမဗိုက်လေးကိုကိုင်ကြည့်လိုက်သည်။
"အယ် ဟယ် တကယ်တော်.....အထဲကကောင်လေးတွေလည်းပျော်နေတာနေမှာ"
"အဟီး ကို ရေ ကို့ကလေးတွေ တအားပျော်နေကြတယ်သိလား"
လီလီဟာထိုသို့လှည့်ပြောလိုက်တော့ စကားပြောလာနေကြသည့်ခမ်းဟာခေါင်းသာညိမ့်ပြလိုက်သည်။
"အွန်း သည်းငယ်"
ကိုယ်ဝန်စဆောင်ပြီဆိုကတည်းက တစ်ခုခုဆိုလီလီဟာဆိတ်ဆတ်လာသည်.....ပြီးရင်တအားချွဲလာတယ်.....သူမလုပ်ချင်တာမလုပ်ရရင် ဂျစ်တိုက်လွန်းတာမလို့အရမ်းကိုဂရုစိုက်ရလွန်းသည်.....တစ်ခါတစ်ခါသူမကိုပြစ်ထားတယ်ဆိုပြီးတွေးတွေးပြီး ထိုင်ငိုနေရင် ခမ်းမှာ တစ်ညလုံးကိုချော့ရသေးသည်ပင်.....
![](https://img.wattpad.com/cover/362667439-288-k796474.jpg)
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024