💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-40
သုံးနှစ်ခန့်ကြာသော်.......
ဝေးကွာခဲ့ရသည့်အချိန်ဟာနောက်ဆုံးနှစ်မှာ တစ်နှစ်လုံးနီးပါးလောက်ဖြစ်ခဲ့တာမလို့ ဒီနေ့တော့အတိုးချကိုလွမ်းပြစ်အုံးမည်ပေ....လီလီနဲ့မိုးဟာအလုပ်သင်ကိုရန်ကုန်မှာပဲပြန်ကျပေမယ့် လီလီ့အဖေကျေးဇူးနဲ့ တောင်ကြီးသို့အလုပ်သင်ပြောင်းရွှေ့ခွင့်ရခဲ့ကြသည်။
သူမတို့ပြန်အလာကိုမျှော်ရင်းကားကွင်းထဲမှာခေါက်တုန့်ခေါက်ပြန်လျှောက်နေကြသည့် ခမ်းနဲ့မြင့်မြတ်ဟိန်းကို ဇော်ရှိုင်းခန့်မှာ အတော်လေးမျက်လုံးနောက်လာရသည်။ပြောလည်းဘာမှရမှာမဟုတ်တာကြောင့်ဘောင်းဘီအိတ်ကပ်ထဲကနေ စီးကရက်ကိုထုတ်လိုက်ပြီးမီးခြစ်ဘူးနဲ့ညှိယူကာ သောက်နေလိုက်သည်။
စီးကရက်သောက်နေတုန်း သူ့ရှေ့ကနေ ကောင်မလေးတစ်ယောက်ဟာအနက်ရောင်ပေါ်မှာအနီပွင့်ရိုက်ပါသည့်ဝမ်းစက်လေးဝတ်ထားပြီးသူမဘေးကကောင်မလေးတစ်ယောက်နဲ့စကားပြောကာပြုံးရယ်လျက်ဖြတ်သွားခဲ့သည်ကိုငေးကနဲဖြစ်သွားရသည်။ထိုကောင်မလေးရဲ့အနက်ရောင်ဆံပင်တွေဆိုတာဒူးကွေး လောက်ထိတောင်ရှည်ပြီးအနီရောင်ဖဲပြားလေးနဲ့ဒီအတိုင်းစည်းထားသေးပါသည်။
"လှတယ်ကွာ....သူမအလှကရူးလောက်တယ်"
"ဟာ ဟိုမှာ လာပြီကွ"
မြင့်မြတ်ဟိန်းကလီလီတို့ကိုတွေ့လိုက်တော့လှမ်းအော်လိုက်သည်နှင့် ငေးနေတာတောင်ဘယ်ရောက်သွားမှန်းမသိပေ...
"ဟ လန့်တာကွာ.....ီးလိုမှအော်နေတာလားကွ..."
သူသာဆဲရေးလိုက်ပေမယ့်နှစ်ကောင်သားဟာသူတို့ပိုင်ဆိုင်ရာတွေဆီသို့သွားနေပြီဖြစ်တာကြောင့်ဇော်ရှိုင်းခန့်လည်းစီးကရက်ကိုမြေပေါ်ပြစ်ချကာ ဘွတ်ဖိနပ်နဲ့ဖိနင်းလိုက်ပြီး မတ်တပ်ထရပ်ကာ အခုနကောင်မလေးများရှိအုံးမလားလို့အနောက်သို့လည်ပြန်ကြည့်လိုက်မိပေမယ့် ထိုကောင်မလေးဟာမြင်ကွင်းထဲကနေမရှိတော့ပေ...
"အဟက်..."
တစ်ယောက်ထဲသဘောကျစွာရယ်လိုက်ပြီး လီလီတို့ဆီသို့လှမ်းလာခဲ့လေသည်။
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024