💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-38
"အောင်ပန်းသွားမှာဟုတ်လား"
"အွန်းဟုတ်တယ် ဒီနေ့က ကုန်စည်ပို့ဆောင်ရမယ်လေ...အာလူးရယ်မုန်လာထုပ်ရယ်၊နဂါးမောက်သီးတွေရယ်သွားပို့မှာ....အဲ့ဟာတွေကဈေးကောင်းတော့ကိုယ်ကိုယ်တိုင်သွားမလို့....အဲ့ဒါကြောင့်မနက်ဖြန်ကြမှ ကိုယ်ဘုရားစုကိုလိုက်ပို့မယ်"
အစကတော့ဒီနေ့သာမိုင်းခမ်းဘုရားတွေဖူးပြီးမနက်ဖြန်ပြန်ကြမည်ပေါ့....အခုတော့ခမ်းအလုပ်ကအောင်ပန်းကိုဝင်အုံးမည်ဆိုတော့ အောင်ပန်းကိုလည်လိုက်ကြရမည်ပေါ့.....
"အဲ့ဆို လိုက်ခဲ့မယ်လေ....လိုက်လို့ရတယ်မလား"
"သည်းငယ်ကလိုက်ချင်လို့လား..."
"အွန်းလိုက်ခဲ့မယ်လေ....အောင်ပန်းဈေးလည်း လည်ချင်လို့"
"အွန်း အဲ့ဆိုလည်း ကိုယ်တို့ခနနေသွားမှာ...သွားပြင်ဆင်ချေ"
"ဟုတ်ကဲ့"
လီလီတို့ပြင်ဆင်ဖို့သွားခဲ့တော့ခမ်းတို့သုံးယောက်ကအပြင်ထွက်လာခဲ့ကြသည်။
"ဟျောင့် ခမ်း လာအုံးကွ...ဒီမှာတောင်သူတွေရောက်နေတယ်"
ခမ်းကကားစစ်နေတုန်းဇော်ရှိုင်းခန့်ရဲ့လှမ်းအော်သံကြောင့်ခြံပေါက်ဝသို့ရောက်လာခဲ့လိုက်သည်။
"စော်ဘွားလေး ဖယ်ခိုင်းထားတဲ့အာလူးအိတ်လာပို့တာ"
"အော် ဟုတ်ပြီ...အဲ့ဒါ ကျတော့်ကားပေါ်တင်ပေး...ပြီးတော့ မုန်လာထုပ်လည်း10ထုပ်လောက်ဖယ်ထားပေးပါ"
"အဲ့ဒါဘာလုပ်ဖို့တုန်းငခမ်း"
"အောင်ပန်းက အသိအမတစ်ယောက်အတွက်ပါ"
"အံမယ် အသိအမဆိုပဲ..."
" ဟျောင့် တွေပေါက်ကရမတွေးနဲ့....အဲ့အမက အခုငါတို့တင်သွင်းမယ့်ဟာတွေဝယ်မှာနော်...မိတ်ဆွေအဖြစ်ပေးမှာ...ငါ့အသည်းလေးက လီလီပဲရှိတယ်"
"အော် အဲ့သလို"
ခမ်းကပြောင်စပ်စပ်လုပ် နေသည့်နှစ်ကောင်ကိုလက်သီးရွယ်ပြကာ
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024