💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-21
ရမ်ကုန်ရောက်ပြီးနှစ်ရက်နေတော့ ကျောင်းကိစ္စတွေပြီးသည်နှင့်မိဘတွေကအကုန်ပြန်သွားကြသည်။သူမကိုထားခဲ့ပြီဆိုသည့်အသိစိတ်ကြောင့် လီလီဟာ အိမ်ကိုလွမ်းကာ ငိုလေတော့သည်။မေမေတို့ဟာ နှစ်သိမ့်ကာသာပြန်သွားကြသည်။
"ဟင့် မေမေတို့မကောင်းဘူး"
မေမေတို့က သူမတို့နှစ်ယောက်ကိုဖေဖေ့အကိုကြီးရဲ့အိမ်ဘေး အရင်က လီလီတို့နေခဲ့ဖူးသည်ဆိုတဲ့တိုက်ခန်းမှာ နှစ်ယောက်လုံးကိုထားခဲ့ပေးသည်ကြောင့် စိတ်ချလို့တော့ရသည်။နေထိုင်ရာကလည်းမပူရသည်ကြောင့်အတော်လေးအဆင်ပြေသည်။အခုလည်းညရောက်သည်နှင့်သူမအိပ်ယာပေါ်မှာထိုင်နေပြီး အိမ်ကလူတွေနဲ့သူငယ်ချင်းတွေကိုလွမ်းလာတာမလို့ မျက်ရည်ကအလိုလိုထွက်လာသည်။
ခွန်ခမ်းဟာလည်းတစ်နေကုန်ဖုန်းမဆက်တာမလို့ ပိုဆိုးကာမျက်ရည်တွေကတစ်လိမ့်ခြင်းတက်လာကာသူမဘက်ကနေဖုန်းစ ခေါ်လိုက်သည်။
"ဟင့် ဟင့် ခမ်း"
သူမဖုန်းခေါ်လိုက်သည်နှင့်တစ်ဖက်က ချက်ချင်းကိုင်လာခဲ့သည်။ဖုန်းကိုင်သည်နှင့် ဝမ်းနည်းစိတ်ကပိုဝင်လာရကာ ဟင့်ကနဲ ဟင့်ကနဲရှိုက်ကာ ငိုပြီး စကားတွေပြောနေသည်ကြောင့် ခွန်ခမ်းပြုံးမိသည်။ဖုန်းကိုင်လျက်အိပ်ယာပေါ်သို့လှဲချလိုက်ပြီး....
"မငိုတော့နဲ့လေကွာ ငိုနေရင်နေမကောင်းဖြစ်နေမယ်"
"ဟင့် ငါခံစားနေရတာကိုနင်မှမသိပဲ...ဟင့် မေမေတို့က ငါ့ကို ဟင့် ငါ့ကိုတစ်ယောက်ထဲထားခဲ့ကြတာ...ပြီးတော့နင်ကောပဲ"
"ဟော ဗျာ ကျတော်မျိုးကဘာကိစ္စပါလာရတာတုန်း"
"နင်မှငါ့ကို ဖုန်းမဆက်တာ ငါဖုန်းခေါ်မှ ဟင့် ကိုင်ပြီးတော့"
တစ်ရှုံ့ရှုံ့နဲ့ငိုကာ ရှိုက်သံလေးတွေနဲ့တလစက်ပြောနေတော့ သူမမျက်နှာလေးဘယ်လောက်တောင်နီရဲပြီး ဘဲပေါက်လေးဖြစ်နေမလဲ....စိတ်ထဲကနေသူမမျက်နှာလေးကိုမြင်ယောင်ရင်း ထပ်ပြီးပြုံးမိပြန်သည်။
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024